စီးပွားရေးအခွင့်အလမ်းအတွက် ကယားပြည်နယ် ရင်းနှီးမြှပ်နှံမှုဖိုရမ်ကို မေလ ၂၆ နှင့် ၂၇ တွင် ပြုလုပ်မည်

စီးပွားရေးအခွင့်အလမ်းအတွက် ကယားပြည်နယ် ရင်းနှီးမြှပ်နှံမှုဖိုရမ်ကို မေလ ၂၆ နှင့် ၂၇ တွင် ပြုလုပ်မည်
by -
နော်ဒွေးအယ်ခူ

နှစ်ရှည်နိုင်ငံခြားရင်းနှီးမြှပ်နှံမှု မြင့်တင်ရေးစီမံကိန်း၏ ကဏ္ဍတစ်ခုဖြစ်သော ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို လာမည့် မေလ ၂၆ နှင့် ၂၇ ရက်နေ့ ၂ ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုဖိုရမ်သို့ ပြည်တွင်း၊ ပြည်ပမှ စီးပွားရေးပညာရှင်များ ပါဝင်တက်ရောက်ကြမည်ဖြစ်ပြီး ဒေသတွင်း စီးပွားရေးလုပ်ငန်းများကို လေ့လာဖေါ်ထုတ်ကြမည်ဖြစ်သည်။

ဖိုရမ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှု၊ သတ္တုနှင့် ဟိုတယ်နှင့် ခရီးသွားဆိုင်ရာကဏ္ဍ စသည်တို့ကို အဓိကထား ဆွေးနွေးမည်ဖြစ်သည်။

ဒေသအတွင်းက လုပ်ငန်းရှင်တွေအနေဖြင့် မိမိတို့၏ ထုတ်ကုန်များ၊ လုပ်ငန်းများကို ပိုမိုအဆင်မြှင့်တင်ခြင်းဖြင့် နည်းပညာမြင့်သောထုတ်ကုန်များကိုထုတ်လုပ်ရန် ဆန္ဒရှိပါက ဖိုရမ်ကို တက်ရောက်သင့်ကြောင်း ရင်​နှီးမြှပ်နှံမှုနှင်​့ ကုမ္ပဏီများညွှန်​ကြားမှုဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဦးထွန်းတောက်အောင်က ပြောသည်။

” မြန်မာပြည်အနှံ့က ပြည်တွင်းပညာရှင်တွေလည်း လာမယ် ပြီးရင် ဒီဒေသအတွင်းမှာ ဘာလုပ်ကိုင်လို့ရလဲဆိုတာ လေ့လာပြီးတော့ ပူးပေါင်းဆောင်ရွက်လို့ရတဲ့ဟာတွေကို ပူးပေါင်းဆောင်ရွက်မယ်။” ဟု ဦးထွန်းတောက်အောင်က ပြောသည်။

ဖိုရမ်ကျင်းပခြင်း ပထမနေ့၌ အခမ်းအနား ပထမပိုင်းအစီအစဉ်တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ဖြင်းအစီအစဉ်၊ ပြခန်းများလှည့်လည်ကြည့်ရှုခြင်း၊ ကယားပြည်နယ်ဝန်ကြီးချုပ်မှ နုတ်ခွန်းဆက်အမှာစကားပြောကြားခြင်း၊ ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားခြင်း၊ အမှတ်တရဓါတ်ပုံရိုက်ကူးခြင်းအစီအစဉ်များ ပါဝင်သည်။

အခမ်းအနား ဒုတိယပိုင်းအစီအစဉ်တွင် ဆွေးနွေးပွဲစကားဝိုင်းအစီအစဉ်များပါဝင်မည်ဖြစ်သည်။

တတိယ ပိုင်းအစီအစဉ်တွင် Business Matching (ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များနှင့် Investor များမှ ဆွေးနွေးခြင်းအစီအစဉ်များ ပါဝင်မည်ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှု ဖိုရမ်၏ ဒုတိယနေ့ အခမ်းအနားသည် See Visit အစီအစဉ် ဖြစ်သည်။

ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
ဓာတ်ပုံ - Kantarawaddy Times
September 18, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် စက်တင်ဘာလ ပထမပတ်မှစ၍ စစ်အုပ်စုတပ်၏ တိုက်...
ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...