KIO ဌာနချုပ် လိုင်ဇာအနီးသို့ လက်နက်ကြီးများဖြင့်ပစ်

KIO ဌာနချုပ် လိုင်ဇာအနီးသို့ လက်နက်ကြီးများဖြင့်ပစ်

အစိုးရတပ်မတော်မှ ကချင်လွတ်လပ်ရေး တပ်မတော် KIA ဌာနချုပ် လိုင်ဇာအနီး ပတ်ဝန်းကျင်များသို့ မေလ ၁၂ ရက်နေ့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ််ခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF-မြောက်ပိုင်းက အရာရှိတစ်ဦး က ပြောသည်။

“ဒီမနက်က လက်နက်ကြီးနဲ့ပစ်တယ်။ ဒီမနက် ၂ နာရီ ဝန်းကျင်လောက်မှာ ပစ်တယ်လေ လက်နက်ကြီးနဲ့ ပစ်တယ်လေ။  ဒီမနက် ၂ နာရီ ဝန်းကျင်လောက်ကနေပြီးတော့ ပစ်တယ် ဒီဖက်မှာ ဆိုလို့ရှိရင် ၁၀ လုံးနီးပါးလောက်ရှိတယ်။ ၂ နာရီကနေ ပြီးတော့ ၂ နာရီ ၁၅ မိနစ် ၂၀ အဲလောက် ၂ နာရီ ၂၀ လောက်အထိပစ်တယ်။” ဟုပြောသည်။

ကချင်လွတ်လပ်ရေး တပ်မတော် KIA ဌာနချုပ် လိုင်ဇာ အနီးပတ်ဝန်းကျင်အပြင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ပညာရေးမြို့တော် ဖြစ်သော မိုင်ဂျာယန်အနီးအနားများသို့ပါ ပစ်ခတ်မှုများရှိခဲ့သည်ဟု အဆိုပါ ABSDF အရာရှိက ပြောသည်။

“ကျနော်တို့ ကြားတာကတော့ လိုင်ဇာအပြင်ကို အင်ဘာပါ၊ မိုင်ဂျာယန်၊ လိုင်စင်ဖက်လည်း ပစ်တယ်လို့ ကြားတာ ပေါ့” ဟုပြောသည်။

သို့သော် ၎င်းပစ်ခတ်မှုအတွင်း ထိခိုက်ပျက်ဆီးမှုများရှိသည်ကို မကြားသိရဟု ABSDF အရာရှိက ပြောသည်။

September 19, 2026
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း ရွာစဉ်ပတ်၍ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်က ကျောက်ပြင်...
September 19, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်များကို စစ်အုပ်စုတပ်က ဆက်တိုက်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ အကျဉ်းထောင်တွင် အရေးပေါ် ဆေးကုသခွင့်တောင်းဆိုမှုကို...
September 17, 2026
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၌ စစ်အုပ်စုတပ်က အဓမ္မစစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ...