ဖားဆောင်းမြို့နယ်တွင်း တရားမဝင်သစ် တန် ၅၀ ကျော် ပိုင်ရှင်မဲ့ ဖမ်းဆီးရရှိ

ဖားဆောင်းမြို့နယ်တွင်း တရားမဝင်သစ် တန် ၅၀ ကျော် ပိုင်ရှင်မဲ့ ဖမ်းဆီးရရှိ
by -
နော်ဒွေးအယ်ခူ
၂၀၁၈ ခုနှစ် မေလ ၄ ရက်နေ့တွင် ကယားပြည်နယ် ဖားဆောင်းမြို့နယ်၊ နန်းကစ်ကျေးရွာအနောက်ဘက် (၁)မိုင်ခန့်အကွာ၌ ဖမ်းဆီးရရှိသည့် တရားမဝင်သစ်များ (ဓါတ်ပုံ-ကယားပြည်နယ်သစ်တောဦးစီးဌာန)
၂၀၁၈ ခုနှစ် မေလ ၄ ရက်နေ့တွင် ကယားပြည်နယ် ဖားဆောင်းမြို့နယ်၊ နန်းကစ်ကျေးရွာအနောက်ဘက် (၁)မိုင်ခန့်အကွာ၌ ဖမ်းဆီးရရှိသည့် တရားမဝင်သစ်များ (ဓါတ်ပုံ-ကယားပြည်နယ်သစ်တောဦးစီးဌာန)

ကယားပြည်နယ်၊ ပြည်နယ်သစ်တောဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဇော်ဦးပါဝင်သည့် ဝန်ထမ်း(၁၂)ဦး၊ ခလရ(၁၃၄)မှ ဗိုလ်ကြီးမျိုးကိုကိုလတ်ပါ (၁၇)ဦးနှင့် စရဖမှ ဒုအရာခံဗိုလ်ဝင်း ဗိုလ်ပါ (၂)ဦး တို့ ပူးပေါင်းပါဝင်သောအဖွဲ့သည် ဖားဆောင်းမြို့နယ်၊ နန်းကစ်ကျေးရွာအနောက်ဘက် (၁)မိုင်ခန့်အကွာ၌ မေလ ၄ ရက်နေ့က တရားမဝင်သစ်များကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ကြောင်း ကယားပြည်နယ်သစ်တောဦးစီးဌာနမှ သိရသည်။

(အပတော)အတွင်း ခန့်မှန်းမြေပုံအညွန်း-47QLA–202897နေရာတွင် ပိတောက်စကွဲယား (၂၉)တုံးတွေ့ရှိရပြီး (၄.၀၃၀၂)တန်၊ ခမမပည-47QLA-203898 နေရာတွင် ပိတောက်စကွဲယား(၁၄)တုံး (၂.၃၂၈၀)တန်၊ 47QLA-205897 နေရာတွင် ပိတောက်စကွဲးယား (၇)တုံးတွေ့ရှိပြီး (၁.၀၉၂) တန် တွေ့ရှိခဲ့သည်။

ကျွန်းသစ်လုံး(၃၉)လုံး (၂၉.၇၇၂၆)တန်၊ ပိတောက်သစ်(၁၀)လုံး (၇.၈၇၅၈)တန်၊ သစ်ယာသစ်လုံး(၄)လုံး (၂.၆၇၃၀) တန်တို့အား ပိုင်ရှင်မဲ့ဖမ်းဆီးရရှိမိကြောင်း သိရသည်။ 

အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် ဖားဆောင်းမြို့နယ်၊ ပါပုကျေးရွာရာအိမ်မှူး ဦးခင်မောင်ချိုအပါအဝင် (၂)ဦးတို့နှင့်အတူ တရားမဝင်သစ်များကို ထပ်မံရှာဖွေရာ မယ်စဲ့-လွိုင်ကော် ပြည်ထောင်စုလမ်းမကြီး၏အရှေ့ဘက် ခမမပည-47QLA-234931 ေ နရာတွင် ပိတောက်စကွဲး (၄)တုံး (၀.၄၃၂၄)တန်၊ ပိတောက်သစ်လုံး(၇)လုံး (၂.၅၅၀၂)တန်နှင့် တရုတ်နီ (CHANG CHAI) အမျိုးအစား မြင်းကောင်ရေ (၁၈)ကောင်၊ အင်ဂျင်(၁)လုံး၊ ပတ္တာကြိုး (၁)ချောင်း၊ ပူလီ(၁)ခု၊ (၃)ပေလွှဝိုင်း (၁)ဝိုင်း၊ (၆)ပေရှည် ရှပ်တန်း(၁)ချောင်း တို့အား ပိုင်ရှင်မဲ့အဖြစ် ထပ်မံဖမ်းဆီးရမိခဲ့သည်။

ပါပုကျေးရွာအရှေ့ဘက် ပွန်ချောင်းအနီးတွင်လည်း ခမမပည 47QLA-231901 နေရာတွင် ကျွန်းသစ်(၂)လုံး (၀.၂၂၀၂)တန်၊ ပိတောက်သစ် (၄)လုံး (၀.၇၂၁၈)တန်၊ ပျဉ်းကတိုးသစ် (၆)လုံး (၁.၃၁၉၄)တန်၊ အင်သစ်(၅)လုံး (၁.၁၅၀၂)တန်၊ (၃)ပေ အောက်အင်(၁၆)လုံး (၂.၁၇၃၄)တန်၊ အင်ခွဲသား (၂၉၁)ချောင်း (၂.၉၄၇)တန် တို့ကို ဖမ်းဆီးရရှိမိခဲ့ကြောင်း သတင်းရရှိသည်။

ကျွန်းခွဲသား(၃၅)ချောင်း (၀.၁၀၈)တန်၊ လွှဝိုင်း(၃)ပေ (၁)ဝိုင်း၊ ရှပ်တန်းအချင်း(၂)လက်မ အရှည်(၅)ပေ (၁)ချောင်း၊ ပတ္တာကြိုး (၁)ချောင်း၊ တွန်းလှည်း (၄)ဘီးတပ် (၂)စီး၊ တရုတ်နီအင်ဂျင် (၂၂)ကောင် (၁)လုံး စသည်တို့ကို ဖမ်းဆီးရရှိပြီး ပိုင်ရှင်ကို ဆက်လက်စုံစမ်းနေကြောင်း သိရသည်။

စုစုပေါင်းဖမ်းဆီးရမိသည့် သစ်တန်မှာ (၅၉.၃၉၄၂)တန်နှင့် တရားမဝင်သစ်စက်(၂)လုံး ဖမ်းဆီးရရှိမိခဲ့ကြောင်း ကယားပြည်နယ်သစ်တောဦးစီးဌာနမှ သိရှိရသည်။

ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
ဓာတ်ပုံ - Kantarawaddy Times
September 18, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် စက်တင်ဘာလ ပထမပတ်မှစ၍ စစ်အုပ်စုတပ်၏ တိုက်...
ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...