၂၀၁၆-၁ရစည်းကြပ်နှစ် ကယားပြည်နယ်တွင် အခွန်အများဆုံး ထမ်းဆောင်သူ ၉၇ ဦး အစိုးရ ဂုဏ်ပြု

၂၀၁၆-၁ရစည်းကြပ်နှစ် ကယားပြည်နယ်တွင် အခွန်အများဆုံး ထမ်းဆောင်သူ ၉၇ ဦး အစိုးရ ဂုဏ်ပြု
by -
မူအက်စတာ

ကယားပြည်နယ်အတွင်း အခွန်ထမ်းဆောင်သူများအနက် ဝင်ငွေခွန်အများဆုံး ထမ်းဆောင်သည့် အခွန်ထမ်း ၅၀ ဦးနှင့် ကုန်သွယ်ခွန်အများဆုံးထမ်းဆောင်သည့် အခွန်ထမ်း ၄၇ ဦးတို့ကို အစိုးရက ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။

ဂုဏ်ပြုလွှာများပေးအပ်ပွဲကို မေလ ၄ ရက်နေ့တွင်  ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကယားပြည်နယ်၏ အခွန်ဆောင်သူ ထိပ်တန်းစာရင်းတွင် သတ္တုတူးဖေါ်လုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများက ဦးဆောင်နေသည်။

၂၀၁၆-၁ရစည်းကြပ်နှစ်အတွက် ကယားပြည်နယ်အတွင်း ဝင်ငွေခွန်ထမ်းဆောင်သူ (၂၃၆၁)ဦးနှင့် ကုန်သွယ်ခွန်ထမ်းဆောင်သူ (၉၀၃)ဦးရှိသည်။

အခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်တရားသူကြီးချုပ် နှင့် အခွန်ထမ်းသူများ တက်ရောက်ခဲ့သည်။

ယနေ့နိုင်ငံတော်အစိုးရအနေနှင့် ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ပေါ်လာစေရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝများ မြှင့်မားတိုးတက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ရာမှာ စိန်ခေါ်မှုအခက်အခဲများ ရှိနေသော်လည်း စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏  အခွန်ပေးဆောင်မှုကြောင့် နိုင်ငံတော်၏ အသုံးစရိတ်တွေကို ဖြည့်ဆည်းပေးနိုင်ခြင်းဟာ အင်အားဖြစ်ကြောင်းနဲ့ လုပ်ငန်းရှင်ကြီးတွေအနေနဲ့ နောင်နှစ်ပေါင်းများမှာလည်း စီးပွားရေးလုပ်ငန်းများ ပိုမိုတိုးတက်ပြီး ပေးဆောင်သင့် ပေးဆောင်ထိုက်သည့်အခွန်ငွေများကို ပေးဆောင်၍ နိုင်ငံတော်အကျိုး မိမိအကျိုးသယ်ပိုး ဆောင်ရွက်နိုင်ပါစေကြောင်း အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ တွင်နိုင်ငံသားတိုင်းသည် ဥပဒေအရပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိကြောင်း ဖော်ပြထားပါသည်။

ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...