NCA ရေးထိုးပြီးသောအချို့ EAO နှင့် တပ်မတော်ကြား သေနတ်သံကြားနေရဆဲဟု မွန်ပြည်သစ်ဥက္ကဌပြော

NCA ရေးထိုးပြီးသောအချို့ EAO နှင့် တပ်မတော်ကြား သေနတ်သံကြားနေရဆဲဟု မွန်ပြည်သစ်ဥက္ကဌပြော
မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်(photo: MNA)
မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်(photo: MNA)

တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားပြီးသော်လည်း အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO နှင့် တပ်မတော်ကြား သေနတ်သံကြားနေရဆဲဟု မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်က ရေးမြို့တွင် ကျင်းပလျက်ရှိသော မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအဖွွင့်မိန့်ခွန်း၌ ထည့်သွင်းပြောကြားလိုက်သည်။

“လက်မှတ်ထိုးပြီးသား တစ်ချို့တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တပ်မတော်အကြားမှာ သေနတ်သံတွေ ကြားနေရဆဲ၊ မကြေလည်မှုတွေရှိရင် ဆက်လက်ဆွေးနွေးအဖြေရှာရမှာပါ၊  တစ်နိုင်ငံလုံးမှာ ငြိမ်းချမ်းရေးအဓွန့်ရှည်အောင်  တစ်ဖက်နဲ့တစ်ဖက်တွေ့ဆွေးနွေးပြီး ယုံကြည်မှုတွေ တည်ဆောက်သွားရမယ်၊  ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့နေရာမှာ အပြန်အလှန်ယုံကြည်မှုတွေထားရှိပြီးတော့ ငြိမ်းချမ်းကာလကြာရှည်အောင် ဆက်လက်ဖြေရှာဖို့ လိုတယ်” ဟု နိုင်ထောမွန်က မွန်ဘာသာဖြင့် ပြောကြားသည်။

NCA လမ်းကြောင်းဖြင့် စစ်မှန်သည့် ဖက်ဒရယ်နှင့် ဒီမိုကရေကို တည်ဆောက်နိုင်ပါက မြန်မာနိုင်ငံသည် တိုးတက်သောနိုင်ငံ ဖြစ်လာမည်ဟု သူက ဆက်ပြောသည်။

အလားတူ မွန်ပြည်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက လည်း“မွန်ပြည်သစ်အနေနဲ့ NCA လက်မှတ်ရေးထိုးနိုင်ခဲ့တာ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့အစ၊ နိုင်ငံရေးဆွေးနွေးပွဲတွေရဲ့အစ၊ လက်နက်ကိုင်ပဋိပက္ခလျှော့ချခြင်းရဲ့အစ၊ တွေ့ဆုံဆွေးနွေးမှုကနေတစ်ဆင့် နိုင်ငံရေးပြဿနာတို့ကိို ညှိနှိုင်းတိုင်ပင်အဖြေရှာမယ့် နိုင်ငံရေးဖြစ်စဉ်ရဲ့အစပဲ ဖြစ်ပါတယ်” ဟု မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ခြင်း၊ နို်င်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်ရေးဆွဲခြင်းနှင့် ဖက်ဒရယ်အုတ်မြစ်ကို နိုင်ငံတော်အတွက်စိုက်ထူနိုင်ရန် လက်ရှိနိုင်ငံရေးဆွေးနွေးပွဲမှတဆင့် ရလာလိမ့်မည်ဟု မျှော်လင့်ကြောင်း သူက ဆက်ပြောသည်။

အဆိုပါနံနက်ပိုင်းတွင် အခမ်းအနားစတင်ဖွင့်လှစ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့်သယံဇာတ ခေါင်းစဉ်ကြီး ၄ ခုကို တက်ရောက်သူကိုယ်စားလှယ်များမှ ကဏ္ဍအလိုက်နေရာ ၄ ခန့်သီးသန့်ခွဲ၍ ၃ ရက်ကြာ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း အခမ်းအနားကျင်းပရေးအစီအစဉ်အရ သိရသည်။

မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို မွန်ပြည်နယ် ရေးမြို့အားကစားရုံ၌ ယမန်နေ့ (မေလ ၅ ရက်နေ့) နံနက် ၉ နာရီအချိန်တွင် စတင်ကျင်းပရာ အထင်ကရမွန်‌သံဃာ‌တော်‌များ၊ အမျိုးသားပြန်‌လည်‌သင်‌့မြတ်‌‌ရေး နှင်‌့ ငြိမ်‌းချမ်‌း‌ရေးဗဟိုဌာန NRPC ဒုဥက္ကဋ္ဌ ‌ဒေါက်‌တာတင်‌မျိုးဝင်‌း နှင်‌့ တာဝန်‌ရှိပုဂ္ဂိုလ်များ၊ မွန်‌ပြည်‌သစ်ပါတီ ဥက္ကဋ္ဌ နိုင်‌‌ထောမွန်‌ နှင်‌့ အဖွဲ့ဝင်များ၊ မွန်‌ပြည်‌နယ်‌ဝန်‌ကြီးချုပ်‌ ‌ဒေါက်‌တာ‌အေးဇံ နှင်‌့ အစိုးရအဖွဲ့ဝင်‌ ဝန်‌ကြီးများ၊ ပြည်‌‌ထောင်‌စု ငြိမ်‌းချမ်‌‌ရေး‌ဆွေး‌နွေးမှု ပူးတွဲ‌ကော်‌မတီ (UPDJC) အစိုးရအစုအဖွဲ့၊ တိုင်‌းရင်‌းသား လက်‌နက်‌ကိုင်‌အစုအဖွဲ့ ၊ နိုင်‌ငံ‌ရေးပါတီအစုအဖွဲ့များမှ ကိုယ်‌စားလှယ်‌များ၊ မွန်‌အမျိုးသားပါတီ MNP နှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP ကိုယ်စားလှယ်များ၊ မွန်‌လူမှု အဖွဲ့အစည်‌းများ၊ ဖိတ်‌ကြားသင့် ဖိတ်‌ကြားထိုက်‌သူများနှင့် ‌ရေးမြို့ခံဌာနဆိုင်ရာအကြီးအကဲများနှင့် ရေးမြို့ခံပြည်သူများ စုစုပေါင်း ၈၀၀ ဦးခန့်တက်တက်‌‌ရောက်‌ကြောင်း တွေ့ရှိရသည်။

 

January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...
January 16, 2026
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသူ...