ရခိုင်လူငယ်ညီလာခံ တတိယမြောက်နေ့ မေးခွန်း ၄ ခုနှင့် စတင်ကျင်းပ

ရခိုင်လူငယ်ညီလာခံ တတိယမြောက်နေ့ မေးခွန်း ၄ ခုနှင့် စတင်ကျင်းပ
by -
စိုးဇံအောင် (တောင်ကုတ်)

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် ကျင်းပနေသည့် ရခိုင်လူငယ်ညီလာခံ တတိယမြောက်နေ့တွင် မေးခွန်း ၄ ခုဖြင့် စတင်ဆွေးနွေးနေပြီဟု ရခိုင်လူငယ်ညီလာခံဖြစ်မြောက်ရေး အဖွဲ့ထံမှ သိရသည်။

“ ဒီကနေ့ မေးခွန်းတွေနဲ့ စတင် ဆွေးနွေးနေပါပြီ။ အဓိက ညီလာခံရဲ့ ကျောရိုးဖြစ်တဲ့ အခန်းကဏ္ဍကြီး ၄ ခု အပေါ်မှာ မေးခွန်းခေါင်းစဉ်တပ်ပြီး ဆွေးနွေးနေကြတာ ဖြစ်ပါတယ်” ဟု ညီလာခံ ဖြစ်မြောက်ရေး တာဝန်ရှိသူ တစ်ဦးဖြစ်သူ ကိုဝင်းဇော်က ပြောကြားသည်။

၎င်းမေးခွန်း ၄ ခုမှာ 

(၁) လူငယ်နှင့်ပညာရေးအခန်းကဏ္ဍ၌ ရခိုင်လူငယ်များ ပညာရေးနိမ့်ကျ နေတာဘာကြောင့်လဲ။

(၂) လူငယ်နှင့်မူးယစ်ဆေးဝါး အခန်းကဏ္ဍတွင် ရခိုင်လူငယ်တွေ မူးယစ် ဆေးဝါး သားကောင်ဖြစ်နေရတာ ဘာကြောင့်လဲ။

(၃) လူငယ်နှင့် အလုပ်အကိုင် အခွင့်အလမ်း အခန်းကဏ္ဍ တွင် ရခိုင်လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အ လမ်းနည်းပါးနေရတာ ဘာကြောင့်လဲ။

(၄) လူငယ်နှင့်နိုင်ငံ ရေးအခန်းကဏ္ဍတွင် ရခိုင်လူငယ်တွေနိုင်ငံရေးလော ကမှာ ပါဝင် လာစေဖို့ဖြစ်ပေါ်နေတဲ့အခက်အခဲတွေက ဘာတွေလဲ စသည့် မေးခွန်းများ ဖြစ်ကြောင်း သိရသည်။ 

ဆွေးနွေးပွဲတွင် တက်ရောက်လာသည့် လူငယ်များမှ တက်တက်ကြွကြွဖြင့် ဆွေးနွေးနေကြသည်ဟု သိရသည်။ 

ဆွေးနွေးပွဲများကို ယနေ့(မေလ ၃ ရက်နေ့) နံနက် ၉ နာရီမှ စတင်ပြီး နေရာ (၄) ခုတွင် ကဏ္ဍခွဲပြီး ကျင်းပနေပြီး ကျင်းပနေသည့် နေရာများမှာ ကံပိုင် ဓမ္မဝိဟာရကျောင်းတွင် ၂ နေရာ၊ အထက (၁) တွင် ၁ နေရာနှင့် အန်ဘာရမ ကျောင်းတွင် တစ်နေရာ တို့ ဖြစ်ကြသည်။

“ ဆွေးနွေးပွဲ တစ်ခုမှာ လူငယ် ၈၀ ကနေ ၁၀၀ ကြာထိ ရှိပါတယ်။ သုံးရက်မြောက်နေ့ မနက်ပိုင်းကတော့ ပြီးသွားပါပြီ။ ညနေပိုင်းမှာတော့ ဆွေးနွေးပွဲက ပိုတက်တက်ကြွကြွနဲ့ ဆွေးနွေးကြပါလိမ့်မယ်။ ပိုပြီးတော့ စိတ်ဝင်စားမှု ရှိလာတာကိုလည်းတွေ့နေရပါတယ်” ဟု ကိုဝင်းဇော်က ပြောကြားသည်။

May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...
April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...