ARG မှ မောင်တောဒေသစိုက်ပျိုးရေးအတွက် ရေသိုလှောင်ဆည် တည်ဆောက်

ARG မှ မောင်တောဒေသစိုက်ပျိုးရေးအတွက် ရေသိုလှောင်ဆည် တည်ဆောက်
by -
စံမောင်သန်း
 တောင်ချိုင်ဆည်တည်ဆောက်နေခြင်းမြင်ကွင်း
တောင်ချိုင်ဆည်တည်ဆောက်နေခြင်းမြင်ကွင်း

ရခိုင်ပြည်နယ် မောင်တောဒေသ ဖွံ့ဖြိုးရေးအတွက် ၂၀၁၅ ခုနှစ်မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်နေသော ရခိုင်မျိုးစောင့်အဖွဲ့ ARG မှ တောင်ကြား ချိုင်တစ်ခုအား ပိတ်ဆို့ကာ ဆည်အဖြစ် တည်ဆောက်နေကြောင်း သတင်းရရှိသည်။

၎င်းဆည်ကို မေလ ၁ ရက်နေ့မှ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ အနီးအနားရှိ ကျေးရွာများ အတွက် စိုက်ပျိုးရေး လုပ်ငန်း ဖွံ့ဖြိုးလာရန် ရည်ရွယ်၍ ဤဆည်အား တည်ဆောက်ခြင်း ဖြစ်ကြာင်း၊ ဆည်တည်ဆောက်ပြီးစီးပါက ရေဂါလံ သောင်းနှင့်ချီပြီး သိုလှောင်ထားနိုင်မည်ဖြစ်ပြီး နွေ၊ မိုး၊ ဆောင်းရာသီ သုံးခုစလုံးတွင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း ARG ဥက္ကဋ္ဌ ဦးဘအေးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“ ဒီဆည် တည်ဆောက်တဲ့အတွက် ARG ရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေကို အကျိုးပြုနိုင်တဲ့အပြင် ARG စခန်းအနီးမှာရှိတဲ့ ခရေမြိုင် ရွာသားတွေနဲ့ တစ်ခြား အနီးအနားက ကျေးရွာသားတွေရဲ့ စိုက်ပျိုးရေးလုပ်ငန်း အတွက်လည်း အထောက်အကူ ပြုပေးနိုင်မှာပါတယ်”ဟု ဦးဘအေးက ပြောသည်။

အဆိုပါဆည်အား မောင်တောမြို့နယ် တောင်ပိုင်း ကင်းချေင်းကျေးရွာ အနီးရှိ ARG စခန်းဧရိယာတွင် တည်ဆောက်နေခြင်း ဖြစ်ပြီး စက်ယန္တရားများကို ဆည်မြောင်းဌာနမှ အကူအညီကို ရယူပြီး အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။

၎င်းဆည်အား တည်ဆောက်ရန် မောင်တောခရိုင် အုပ်ချုပ်ရေးမှူးအား တင်ပြထားသည်မှာ ၃ နှစ်နီးပါးခန့်ရှိနေပြီ ဖြစ်ပြီး ယခုအခါ ပြည်နယ် အစိုးရမှ ဆည်တည်ဆောက်ရန် ခွင့်ပြုလိုက်ရာမှ ဆည်ကို စတင် တည်ဆောက်နိုင်ခြင်း ဖြစ်ကြောင်း သူက ပြောသည်။

“အဓိက ခွင့်ပြုချက်ကတော့ ခရိုင်အုပ်ချုပ်ရေးမှုနဲ့ ဆိုင်ပါတယ်။ သူက ခွင့်ပြုလို့ ပြည်နယ်အစိုးရက ခွင့်ပြုခဲ့တာပါ။ ဒီအတွက် ပြည်နယ်အစိုးရ၊ ခရိုင် အုပ်ချုပ်ရေးမှူးနဲ့ သစ်တောဌာနတို့ကို အထူး ကျေးဇူးတင်ရှိပါတယ်”ဟု ဦးဘအေးက ပြောဆိုသည်။

ARG အား နောက်ထပ် တောင်ချိုင်များအား ပိတ်ဆို့ ဆည်ဖို့ပြီး ရေလှောင်ဆည် တည်ဆောက်ရန် အာဏာပိုင်များမှ ဆက်လက် ခွင့်ပြုရန် အခြေအနေရှိနေပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆည်ဆည်ဖို့နိုင်ရန် စက်ယန္တရားများ လိုအပ်နေပြီး လုပ်ငန်းရှင်များအနေဖြင့် အကူအညီပေးနိုင်ပါက ဆည်တည်ဆောက်ခြင်း လုပ်ငန်းကို လျင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်ဟု ပြောဆိုသည်။

“ငွေတောင်ဘက်မှာ ဆိုလို့ရှိရင် နွေရာသီ စိုက်ခင်းတွေ တော်တော်လုပ်ကြပါတယ်။ မိုးရော၊ နွေရော စိုက်ခင်းတွေကို တော်တော် လုပ်ကြပါတယ်။ ငွေတောင်၊ သာယာကုန်း၊ မန်ကျဲကုန်း ဘက်တွေမှာပါ။ ဒါပေမယ့် အဲ့ဒီဘက်မှာ ဆည်တစ်ခုမှ မရှိသေးဘဲ ဖြစ်နေပါတယ်။ အဲ့ဒီနေရာမှာ ဆည်တည်ဆောက် ပေးနိုင်မယ်ဆိုရင် ဧက ၃၀ လောက်အတွက်ကို ရေပေးနိုင်မှာဖြစ်ပါတယ်”ဟု ARG ဥက္ကဋ္ဌ ဦးဘအေးက ပြောကြားသည်။

ARG ကို ၂၀၀၇ ခုနှစ် ဂျပန်နိုင်ငံရောက် ရခိုင်မျိုးချစ်များက ဖွဲ့စည်းခဲ့ပြီး မောင်တောဒေသ ဖွံ့ဖြိုးရေး ဆောင်ရွက်ရန်အတွက် မောင်တောဒေသတောင်ပိုင်းတွင် အခြေစိုက်ကာ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်လာသည်မှာ ၃ နှစ်ပြည့်မြောက်ပြီခဲ့ပြီ ဖြစ်သည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...