ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် တောဖျားချောင်း ခမီအမျိုးသားများ နေထိုင်ရာ ပိန္နဲတော ကျေးရွာတွင် ရေကန်များ ရေခမ်းခြောက်သွားသဖြင့် သောက်သုံးရေ အခက်အခဲရှိနေကြောင်း သတင်းရရှိသည်။
ထိုသို့ ရေရှားပါးနေသဖြင့် တောဖျားဒေသအခြေစိုက် ပိုးရွှီပြင် မဟာမိတ်လူမှုကူညီရေးအသင်းမှ မေလ ၁ရက် ညနေပိုင်းက သောက်သုံးရေများ သွားရောက် လှူဒါန်းခဲ့ရသည်ဟု အသင်း၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ခမီပိန္နဲတောကျေးရွာတွင် အိမ်ထောင်စု ၅ရစု၊ လူဦးရေ ၂၇၆ ယောက် နေထိုင်ပြီး ရေရှားပါး နေသဖြင့် အထူး ဒုက္ခရောက်နေကြသည်ဟု သိရသည်။
“ ကျေးရွာသားတွေ အနေနဲ့ ရေရရှိရေးကို အရေးစိုက်နေရတဲ့ အတွက် အလုပ်ပျက် အကိုင်ပျက် ဖြစ်ပြီး စားဝတ်နေရေးအခက်အခဲ ဖြစ်လာနေကြတယ်လို့ သိရပါတယ်။ ရေရရှိရေးကိုဘဲ အာရုံစိုက်နေရတဲ့ အတွက် လူတွေ ဒုက္ခ ဖြစ်နေကြတယ်လို့ သိရပါတယ်။ ကျွန်မတို့ရွာက ဒီကနေ့ ရေသွားလှူကြပါတယ်” ဟု နိရဥ္စရာမှ ဖုန်းဆက်မေးမြန်းစဉ် ဒေသခံ အမျိုးသမီး တစ်ဦးက ပြောကြားသည်။







