အလုပ်သမားအခွင့်အရေးကိစ္စများ ဆွေးနွေးအဖြေရှာ

အလုပ်သမားအခွင့်အရေးကိစ္စများ ဆွေးနွေးအဖြေရှာ

ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့်ထိုင်းနိုင်ငံ မြောက်ပိုင်းအလုပ်သမားသမဂ္ဂအဖွဲ့အစည်းများ ပူးပေါင်း၍ လက်ရှိ ရင်ဆိုင်ကြုံတွေ့နေကြရသည့် အလုပ်သမားအခွင့်အရေးဆိုင်ရာ ကိစ္စများနှင့် ပတ်သက်ပြီး ယမန်နေ့ (မေလ ၁ ရက်နေ့) နံနက် ၉ နာရီတွင် ချင်မိုင်တက္ကသိုလ်အစည်းအဝေးခန်းမ၌ ဆွေးနွေးအဖြေရှာသည့် လုှပ်ရှားမှု တစ်ရပ် ပြုလုပ်ခဲ့ကြသည်။

အလုပ်သမားအရေး ဆွေးနွေးပွဲတွင် ထိုင်းအလုပ်သမားများနှင့် နိုင်ငံခြားသားအလုပ်သမားများ အခွင့်အရေးဆိုင်ရာကိစ္စ၊ လက်ရှိ အလုပ်လုပ်ကိုင်နေရမှုကိစ္စ၊ အလုပ်သမားငှားရမ်းလုပ်ကိုင်မှု ဥပဒေသစ် အပေါ် သုံးသပ်ခြင်းကိစ္စ နှင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် အန္တရယ်ကင်းရှင်းမှု မရှိခြင်း ကိစ္စများကို အဓိကထား ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် နိုင်ငံခြားသား အလုပ်သမားများ၏ မှီခိုသူ ကလေးငယ် များနှင့် သက်ကြီးရွယ်အို များ နေထိုင်နိုင်ခွင့် ကိစ္စ၊ အလုပ်သမားများ ကျန်းမာရေး အာမခံ ထားရှိမှုနှင်ပတ်သက်၍ ပြင်ဆင်ထားသည့် ဥပဒေသစ် နှင့် အဟောင်း လက်ခံနိုင်မှု အခြေအနေ များ အပါအဝင် အလုပ်သမားများ နေရာဒေသအလိုက် အာမခံ နှင့် အခွင့်အရေးအပြည့်အဝ ရရှိရေး ကိစ္စ များကို ခေါင်းစဉ်အလိုက် တတ်သိပညာရှင်များက ဦးဆောင်ဆွေေးနွးခဲ့ကြသည်။

ယမန်နေ့ ဆွေးနွေးမှုမှ ရရှိလာသည့် အချက်အလက်များကို စုစည်း၍ ညနေ ၅ နာရီတွင် ချင်းမိုင်မြို့လယ်ရှိ ဘုရင်သုံးပါးရင်ပြင်တွင် အလုပ်သမားများစုစည်းပြီး အခွင့်အရေး တောင်းဆိုမှုများကို စီတန်းလှည့်လည်တောင်းဆိုသွားရန်ရှိပြီး စွန်ဘိုဟတ်ပန်းခြံတွင် ပြန်လည်စုရုံ၍ တောင်းဆိုမှုများကို ထုတ်ပြန်ကြေညာသွားမည်ဖြစ်သည်။

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုုင်အတွင်း၌ မြန်မာရွှေ့ပြောင်းအလုုပ်သမား တစ်သိန်းနီးပါးရှိပြီး အလုုပ် သမား အများစုသည် တရားဝင် နေထိုင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ် မရှိခြင်း၊ သက်တမ်း ကုန်ဆုံးမှုကြောင့် မကြာခဏ ဖမ်းဆီးခံရခြင်း၊ ကျန်းမာရေး ဆေးကုသမှု အာမခံ ပြုလုပ်ထား ခြင်းမရှိသည့်အတွက် ဆေးကုသရာတွင် အခက်ကြုံနေရမှုများနှင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...