Published
Sunday, April 29, 2018
မြန်မာဘာသာ အစီအစဉ် (ဧပြီလ ၂၉၊ ၂၀၁၈)
ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသမှာ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ပြည်သူတွေ ၊ လုံခြုံရာကို ထွက်ပြေးလွတ်မြောက်နိုင်ဖို့အတွက် ကချင်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။
ရှမ်းပြည်နယ် မူစယ်မြို့မှာ ရက်ဆက်ဗုံးပေါက်ကွဲတာကြောင့် ပြည်သူတွေ လုံခြုံရေးအတွက် စိုးရိမ်နေကြပါတယ်။
ကယားပြည်နယ်မှာ တပ်သိမ်းမြေ ပြန်လည်ရရှိဖို့နဲ့ အကျင့်ပျက်ဝန်ထမ်းတွေ အလိုမရှိကြောင်းအပြင် တာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့ ပုဂ္ဂိုလ်တွေ နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ပါတယ်။






