ဖာလိန်ဒေသရှိ ဧက (၁၉၀) ကျော်ဒီရေတောကို တရားဝင်အသိအမှတ်မပြုသေး

ဖာလိန်ဒေသရှိ ဧက (၁၉၀) ကျော်ဒီရေတောကို တရားဝင်အသိအမှတ်မပြုသေး
ဖာလိန်ဒေသဒီရေတော အပင်ကြီးထွားမှုနှုန်း မှတ်တမ်းတင်စဉ်(Photo:လျးဖာလိန်)
ဖာလိန်ဒေသဒီရေတော အပင်ကြီးထွားမှုနှုန်း မှတ်တမ်းတင်စဉ်(Photo:လျးဖာလိန်)

ရေးမြို့နယ်၊ ဖာလိန်ဒေသရှိ အံဒင်ကျေးရွာ၌ ဧက (၁၉၀) ကျော် စိုက်ပျိုးထားသော ဒီရေတောကို ဒေသခံ ပြည်သူအစုအဖွဲ့ပိုင်အဖြင့် သက်ဆိုင်ရာမှ တရားဝင်အသိအမှတ်မပြုသေးကြောင်း အံဒင်ကျောင်းစာချဆရာတော် အရှင်နန္ဒက မွန်သတင်းအေဂျင်စီသို့ မိန့်ကြားသည်။

“ကိုယ့်ထူကိုယ်ထ စိုက်ပျိုးထားတဲ့ ဒီရေတောတွေကို မွန်ပြည်နယ်အစိုးရအနေနဲ့  ဒေသခံတွေရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို အသိအမှတ်ပြုပေးစေချင်တယ်” ဟု ဆရာတော်က ဆိုသည်။

ယင်းကဲ့သိို့ ဒီရေတော သဘာဝအလျောက် ပေါက်ရောက်နေသော နေရာကို ထပ်မံစိုက်ပျိုးရန်နှင့် ဒေသခံပြည်သူအစုအဖွဲ့ပို်င် သစ်တောနေရာအဖြစ် ထိန်းသိမ်းသွားရန် ရေးမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စားရင်းအင်းဦးစီဌာနမှ မြေဧက (၁၉၀) ကျော် တိုင်းတာပေးခဲ့ပြီီး ဒီရေတောစိုက်ပျိုးရာ မြေနေရာအဖြစ် မြေပုံထုတ်ပေးခဲ့ပြီး ဖြစ်သည်။

သို့ရာတွင် ရေးမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ၄င်းဒီရေတောမြေအမှုတွဲကို မွန်ပြည်နယ်အစိုးရထံ တင်ပြထားခြင်း မရှိသောကြောင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောအဖြစ် တရားဝင်ခွင့်ပြုလက်မှတ်ကို ထုတ်ပေး၍မရသေးကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့်  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

“မြေက ဘာမြေအမျိုးအစားလည်း မသိရသေးဘူး၊ မြေလွတ်မြေရိုင်းလည်းဖြစ်နိုင်တယ်၊ ဒေသခံတွေကို လက်မှတ်ထုတ်ပေးဖို့က မြို့နယ်မြေစာရင်းတိုင်းဦးစီးဌာနကနေ အမှုတွဲရောက်လာမှသာ ထုတ်ပေးလို့ရတယ်” ဟု ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

အဆိုပါတရားဝင်ခွင့်ပြုလက်မှတ် မထုတ်ပေးသေးသော်လည်း မွန်ပြည်နယ်အစိုးရအနေဖြင့် ဒေသခံတိုု့ ဒီရေတော ထပ်မံစိုက်ပျိုးနိုင်ရေးအတွက် ဒီရေတောမျိုးစိတ်များကိုလည်း ရှာဖွေစုဆောင်းပေးထားသည်ဟု သူက ဆက်ပြောသည်။

ဖာလိန်ဒေသ၊ အံဒင်ကျေးရွာ ဒီရေတောကို ရေးမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ အံဒင်ကျေးရွာအုပ်စုမှ သံဃာတော်များ၊ ကျေးရွာအုပ်ချုပ်ရေးမှုးနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ကျောင်းသူ၊ ကျောင်းသားများနှင့် ဒေသခံများ စုပေါင်းစိုက်ပျိုးခဲ့ကြရာ ၂၀၁၆ ခုနှစ်မှ ၂၀၁၇ နှစ်အထိ အပင်ပေါင်း တစ်သောင်းကျော်၊ မျိုးစိတ်ပေါင်း (၁၀) မျိုးရရှိခဲ့ကြောင်း ၂၀၁၈ ခုနှစ် ဖာလိန်ဒေသခံများ၏ ဒီရေတော ပြန်လည်ထူထောင်ခြင်း အတွေ့အကြုံများ စာအုပ်တွင် ဖော်ပြထားသည်။

January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...
January 16, 2026
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသူ...