ကျိုက်ထီးရိုးကေဘယ်ကားစီမံကိန်း Sky Asia Company နှင့် ရတနာရွှေဆင်ကြီးကုမ္ပဏီ အပြိုင်အဆိုင်သတင်းစာရှင်းလင်း

ကျိုက်ထီးရိုးကေဘယ်ကားစီမံကိန်း Sky Asia Company နှင့် ရတနာရွှေဆင်ကြီးကုမ္ပဏီ အပြိုင်အဆိုင်သတင်းစာရှင်းလင်း
 ကျိုက်ထီးရိုး Cable Car
ကျိုက်ထီးရိုး Cable Car

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးကေဘယ်ကားစီမံကိန်းတွင် ကိုးရီးယားနိုင်ငံမှ လာရောက်ရင်းနှီးမြှပ်နှံသော Sky Asia Company Limited နှင့် စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်နေသော ရတနာရွှေဆင်ကြီး ဆောက်လုပ်ရေးကုမ္ပလီမိတက် JGE တို့က အေပြီလ ၂၄ ရက်နေ့တွင် အပြိုင်အဆိုင် သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခဲ့သည်။

ရတနာရွှေဆင်ကြီးကုမ္ပဏီ တာဝန်ရှိသူများက မော်လမြိုင်မြို့ ငွေမိုးဟိုတယ်၌ မွန်းလွဲ ၁ နာရီအချိန်တွင် သတင်းစာရှင်းလင်းပွဲကျင်းပနေစဉ် တချိန်တည်းမှာပင် ကျိုက်​ထိုမြို့နယ်​ ကင်​ပွန်​း​ချောင်​း​ကျေးရွာ ရ​သေ့​တောင်​ ​ကေဘယ်​စခန်​းတွင်​ SKY ASIA ကုမ္ပဏီ တာဝန်​ရှိသူများမှ သတင်းမီဒီယာများအား ရှင်​းလင်​း​ပြောဆိုခဲ့ခြင်း ဖြစ်သည်​။

ရတနာရွှေဆင်ကြီးကုမ္ပဏီ ဒါရိုက်တာ ဦးနောင်ရဲအောင်က Sky Asia Company Limited ၏ မန်နေးဂျင်းဒါရိုက်တာ Mr.Yoo Sun Ha နှင့် ကုမ္ပဏီအား ချေးငွေများပေးဆောင်ရန်ပျက်ကွက်မှုကြောင့် တရားစွဲဆိုထားသည်ဟု ရှင်းပြသည်။

“ကျွန်တော်တို့ရဲ့ယုံကြည်မှုကို အလွဲသုံးစားလုပ်တာကြောင့် သူ့ကို ပုဒ်မ ၄၂၀ နဲ့ အမှုဖွင့်ထားပါတယ်၊ ကုမ္ပဏီကတော့ ကျွန်တော်တို့ဆီ ဆပ်ရမယ့်ငွေကို ရှေ့နေကနေတစ်ဆင့် မပေးနိုင်ဘူးလို့ အကြောင်းကြားလာတဲ့အတွက် တရားမမှုနဲ့ တရားစွဲဆိုရခြင်းဖြစ်တယ်” ဟု ဦးနောင်ရဲအောင်က ပြောသည်။

Sky Asia Company Limited ၏ Managing Director Mr.Yoo Sun Ha ကို လိမ်ညာမှု ပုဒ်မ ၄၂၀ ဖြင့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌အမှုဖွင့်ခဲ့သည့်အပြင် ကုမ္ပဏီကို တရားမမှုဖြင့် မရမ်းကုန်းမြို့နယ်၊ ရဲစခန်း၌ ဧပြီလ ၁၂ ရက်နေ့တွင် အမှုဖွင့်ခဲ့သည်ဟု ဆိုသည်။

သို့ရာတွင် ရတနာရွှေဆင်ကြီးကုမ္ပဏီ JGE ကုမ္ပဏီ မှ ​ကေဘယ်​တည်​​ဆောက်​​ရေး လုပ်​ငန်​းနှင်​့ ပတ်​သက်​သည်​့ ကုန်​ကျစရိတ်​များ ​တောင်​းခံမှုများတွင်​ မူလက သ​ဘောတူစာချုပ်​ချုပ်​ဆိုခဲ့စဉ်​က ​ငွေ​ကြေးကိစ္စများထက်​ ​ကျော်​လွန်​​တောင်​းခံသုံးစွဲမှု၊ သ​ဘောတူစာချုပ်​များနှင်​့ ကွဲလွဲစွာ ​ငွေများ​တောင်​းခံမှုများမှ စတင်​ကာ အဆင်​မ​ပြေမှုများ ဖြစ်​လာကြောင်း  SKY ASIA ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် ကေဘယ်​ကား သွယ်​တန်​းထားမှုများသည်​ လုံခြုံစိတ်​ချရမှုမရှိ အသက်​အာမခံချက်​မရှိဟု ၎င်း JGE ကုမ္ပဏီမှ ဆိုရှယ်မီဒီယာများအား ​ပြောဆိုမှုတို့သည်​ ခိုင်​လုံသည်​့ အ​ကြောင်​းပြချက်​မရှိဘဲ စွပ်​စွဲ​ပြောဆိုခြင်​းသာ ဖြစ်ကြောင်း၊  ဘုရားဖူးပြည်​သူများ အထိတ်​တလန်​့ဖြစ်​​စေရန်​ မဟုတ်​မမှန်​ ဝါဒဖြန်​့​ပြောဆိုသူများကို ဥပ​ဒေ ​ကြောင်​းအရ ​ဆောင်​ရွက်​သွားမည်​ဖြစ်ကြောင်း၊ ကေဘယ်​တည်​​ဆောက်​ပြီးသည်​့ အချိန်​မှ ယ​နေ့အထိ ​ကေဘယ်​ စီးနင်​းမှုလုြံခုံစိတ်​ချ မှုများအတွက်​ ​အင်​ဂျင်​နီယာများမှ နေ့စဉ်စစ်​​ဆေး​နေကြောင်း၊ အသက်​အာမခံအတွက်​ KBZ ဘဏ်​ နှင်​့ သ​ဘောတူလက်​မှတ်​​ရေးထိုးထားပြီးဖြစ်​​ကြောင်​း SKY ASIA တာဝန်ရှိသူက ဆိုသည်။

အဆိုပါ ကျိုက်ထီးရိုး Cable Car စီမံကိန်းအား Sky Asia Co,Ltd က တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်းမှာ အမေရိကန်ဒေါ်လာသန်း ၂၀ ရင်းနှီးမြှုပ်နှံထားကြောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC က အနှစ် ၅၀ BOT စနစ်ဖြင့် လုပ်ငန်းလုပ်ကိုင်ခွင့်ပြုထားကြောင်း သိရသည်။

January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...
January 16, 2026
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသူ...