Published
Wednesday, April 18, 2018
ကရင်ဘာသာ အစီအစဉ် (ဧပြီလ ၁၈၊ ၂၀၁၈)
တစ်ပါတီတည်း ပေါင်းစည်းလိုက်တဲ့ ကရင်ပြည်နယ်အခြေစိုက် ကရင်နိုင်ငံရေးပါတီ ၃ ပါတီကို ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ ဆိုတဲ့နာမည်သစ်နဲ့ ကရင်ပြည်နယ်၊ ဖားအံမြို့ မှာရုံးဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။
မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ် အတာသင်္ကြန်မှာ ကရင်ပြည်နယ်လွှတ်တော်သံချပ်အဖွဲ့နဲ့ ဇွဲကပင်မောင်မယ် သံချပ် အဖွဲ့တို့ ပထမဦးဆုံးအကြိမ် ဖားအံမြို့အတွင်းမှာ ဖျော်ဖြေခဲ့ပါတယ်။
နိုင်ငံထဲက လက်နက်ကိုင်ပဋိပက္ခဒေသတွေမှာ မြေမြုပ်မိုင်းတွေကြောင့် မြောက်များစွာသောအသက် တွေဆုံးရှုံးခဲ့ရတဲ့အပြင် ကိုယ်လက်အင်္ဂါတွေဆုံးရှုံးခဲ့တဲ့ သူတွေလည်း အမြောက်အများရှိပါတယ်။






