သဘာဝဘေးဒဏ်ခံရသူများထံ ကယ်ဆယ်ရေးပစ္စည်းများ အမြန်ဆုံးထောက်ပံ့ပေးမည်ဟုဆို

သဘာဝဘေးဒဏ်ခံရသူများထံ ကယ်ဆယ်ရေးပစ္စည်းများ အမြန်ဆုံးထောက်ပံ့ပေးမည်ဟုဆို
by -
စိုးရယ်

ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနမှ နိုင်ငံတော်၏ ပံ့ပိုးမှုဖြင့် ကယ်ဆယ်ရေးပစ္စည်းများကို သဘာဝဘေးဒဏ်ခံရသူထံသို့ အမြန်ဆုံးထောက်ပံ့ပေးနိုင်အောင် ဆောင်ရွက်သွားမည်ဟု ဒီးမော့ဆိုမြို ့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ဝင်းက ပြောသည်။

ဧပြီလ ၁၇ ရက် ညနေ ၂ နာရီဝန်းကျင်က မိုးရွာသွန်းကာ လေပြင်းတိုက်ခတ်သဖြင့် ဒေါဖုကျေးရွာတွင် လူနေအိမ်အတော်များများ ပျက်စီးခဲ့သည်။

“ပျက်စီးမှုအခြေအနေနဲ့ ပျက်စီးမှုတန်ဖိုးတွေကို ကျွန်တော်တို့ သက်ဆိုင်ရာအထက်အရာရှိ အဆက်ဆက်အစီရင်ခံစာကို တင်ပြသွားမယ်။”ဟု ဦးကျော်သက်ဝင်းက ပြောသည်။

ထိုပျက်စီးမှုများအား သွားရောက်ကြည့်ရှု့စစ်ဆေးစဉ် ၎င်းက ကန္တာရဝတီတိုင်း(မ်)ကို ပြောကြားသည်။

လေပြင်တိုက်ခက်မှုကြောင့် ဒီးမော့ဆိုမြို့နယ်၏ အရှေ့တောင်ဘက်ခြမ်းရှိ ဒေါဖု၊ ဒေါပဲ့၊ ဒေါပဲ့ဒူ။ ဘိုးလျား စသည့်ကျေးရွာများရှိ လူနေအိမ်အချို့လည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ယင်းလေပြင်တိုက်ခတ်မှုကြောင့် နေအိမ် ၁၂ လုံးထက်မနည်း ပျက်စီးသွားသည်ဟု ဦးကျော်သက်ဝင်းက ပြောသည်။

အိမ်ခေါင်မိုးလှန်ခြင်း၊ အိမ်နံရံများ လွင့်စဉ်သွားခြင်း၊ စပါးကျီများ ပျက်စီးသဖြင့် သိုလှောင်ထားသောစပါးများ မိုးစိုကာပျက်စီးခြင်း အစရှိသော ပျက်စီးဆုံးရှုံးမှုမှာ ကျပ်သိန်း သိန်း၄၀ ကျော်အထိ ရှိမည်ဟု တာဝန်ရှိသူများက ခန့်မှန်းသည်။

ယင်းပျက်စီးမှုများကြောင့် စားဝတ်နေရေး အဆင်မပြေမည်ကို ဒေသခံများက စိုးရိမ်မှုများ ရှိနေသည်။

“စားသောက်ဖို့အတွက် မရှိတော့မှာကိုလည်း အရမ်းစိုးရိမ်ပါတယ်။ ကျွန်မတို့ စပါးက သိပ်မများပါဘူး။ ဒါမဲ့ နှစ်တိုင်းစားဖို့ ဖူလုံမှုရှိအောင် စားနေရပါတယ်။”ဟု ဒေါဖုကျေးရွာနေ ဒေါ်စိုးမယ်က ပြောသည်။

ဒေါဖုကျေးရွာ ဥက္ကဌ ဦးစူးရယ်က “သူတို့ရဲ့ အိမ်ကို နှစ်ကိုယ်အတိုင်းတော့ ပြန်လုပ်ပေးနိုင်ရင်ကောင်းမှာပေါ့။ ဒါမှလည်း သူတို့ စိတ်ပြန်သက်သာလာမယ်၊ ရွာသူရွာသားတွေက ဒီလိုဖြစ်လာတဲ့ချိန်ကျတော့ ဘာမှမတတ်နိုင်ဘဲ ထိုင်ငိုတာ၊ လမး်ပေါ်လျောက်ပြီး ငိုတာကလွဲရင် ဘာမှမတတ်နိုင်ကြဘူး။”ဟု ၎င်းက ညီးတွားသည်။

ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
ဓာတ်ပုံ - Kantarawaddy Times
September 18, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် စက်တင်ဘာလ ပထမပတ်မှစ၍ စစ်အုပ်စုတပ်၏ တိုက်...
ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...