ရခိုင်ပြည်နယ် အစိုးရမှ ကျင်းပမည့် ငပလီ ရခိုင်ရိုးရာမဟာသင်္ကြန်ပွဲတော်ကို အထကကျောင်းဘောလုံးကွင်းတွင် ကျင်းပမည်

ရခိုင်ပြည်နယ် အစိုးရမှ ကျင်းပမည့် ငပလီ ရခိုင်ရိုးရာမဟာသင်္ကြန်ပွဲတော်ကို အထကကျောင်းဘောလုံးကွင်းတွင် ကျင်းပမည်

ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ငပလီမြို့တွင် ကျင်းပမည့် ရခိုင်ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ငပလီ အထက ဘောလုံးကွင်းတွင် ကျင်းပ ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။

“ ဗဟိုမဏ္ဍပ်ကြီးနဲ့ ဖျော်ဖြေရေးစင် တစ်ခု၊ ရခိုင်ရိုးရာ ရေလောင်းမဏ္ဍပ်က ၂ ခု၊ လက်ဆောင်ပစ္စည်း အရောင်းဆိုင် ၃ ခန်း၊ စားသောက်ဆိုင် ၃ ခန်း ပါဝင်မှာ ဖြစ်ပါတယ်” ဟု သံတွဲခရိုင် လမ်းဦးစီးဌာနက အငယ်တန်း အင်ဂျင်နီယာ ၂ ဦးဇော်လေးက ပြောသည်။

ယခုနှစ်မှ ရခိုင်ရိုးရာ မဟာသင်္ကြန်ကို ငပလီမြို့တွင် ကျင်းပရခြင်းမှာ သံတွဲဒေသတွင် တိမ်မြုပ်ပျောက်ကွယ်နေသည့် ရခိုင်ရိုးရာ သင်္ကြန်ကို ပြန်လည် မိတ်ဆက်ရန်နှင့် ခရီးသွား လုပ်ငန်းကို တိုးမြှင့်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်ကြောင်း သူက ပြောကြားသည်။

ယခုနှစ် ငပလီ ရခိုင်ရိုးရာ သင်္ကြန်တွင် ရန်ကုန်မှ အဆိုတော် ၂၅ ဦးနှင့် ရခိုင်အဆိုတော် ၆ ဦး စုစုပေါင်း ၃၁ ဦး လာရောက် ဖြေဖျော်မည်ဟု သိရသည်။

“ အခု ဒီမှာ အကယိမ်းတွေ ပါဝင်မှာက ဂျိတ္တော၊ မြပြင်၊ လင်းသာနဲ့ သံတွဲမြို့ပေါ်က အကယိမ်းတွေ ပါဝင်မှာ ဖြစ်ပါတယ်။ အခု သူတို့ အကယိမ်းတိုက်နေကြပါပြီ” ဟု ငပလီ အထကမှ အထက်တန်းပြဆရာမ ဒေါ်ခင်သန်းမြင့်က ပြောသည်။

ယခုနှစ်သကြံန်တွင် ရန်ကုန်၊ မန္တလေးဘက်မှလည်း လူအများအပြား ဆင်းလာကြမည် ဖြစ်သဖြင့် ဟိုတယ်များတွင် အခန်းလွတ်များ မရှိတော့ကြောင်း Royal Beach Motel မှ မန်နေဂျာက ပြောသည်။

“ သင်္ကြန်ကာလမှာတော့ အခန်းတွေ ပြည့်သွားပါပြီ။ အခု အခန်း အလွတ်လုံးဝ မရှိတော့ပါဘူး။ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့တော်များများက လူတွေ ဒီငပလီကို ဆင်းလာကြမှာပါ။ သင်္ကြန်ဆိုရင် ငပလီက လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေနဲ့ ပြည့်နေပါတယ်” ဟု သူက ပြောဆိုသည်။

ငပလီ ရခိုင်ရိုးရာ မဟာ သင်္ကြန်ပွဲတော်ကာလတွင် လမ်းတစ်လျှောက် သောက်စားမူးယစ်ပြီး မောင်းနှင်ကြမည် ဖြစ်သဖြင့် ကား၊ ဆိုင်ကယ်များတိုက်မှုများဖြစ်ပြီး အသေအပျောက်များ ရှိလာမည့် အပေါ် စိုးရိမ်နေသူ ငပလီ ဒေသခံများလည်း ရှိနေပြီး တာဝန်ရှိသူများက အထူးကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ဒေသခံများက နိရဥ္စရာ သတင်းဌာနသို့ ပြောဆိုကြသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...