မွန်ပြည်သစ်လူထုတွေ့ဆုံပွဲ ညီစားရွာတွင်သင်္ကြန်မတိုင်မီ ကျင်းပမည်

မွန်ပြည်သစ်လူထုတွေ့ဆုံပွဲ ညီစားရွာတွင်သင်္ကြန်မတိုင်မီ ကျင်းပမည်
NMSP ခေါင်းဆောင်များ(ဘယ်အစွန် ၄ ဦး) အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့စဉ်(photo: နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး)
NMSP ခေါင်းဆောင်များ(ဘယ်အစွန် ၄ ဦး) အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့စဉ်(photo: နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး)

မွန်ပြည်သစ်ပါတီ၏ လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမကျင်းပမီ  လူထုတွေ့ဆုံပွဲတစ်ရပ်ကို မွန်ပြည်နယ်၊ ရေးချောင်းဖျားဒေသရှိ ညီစားရွာတွင် သင်္ကြန်မတိုင်မီ ၃ ရက်ခန့် အချိန်ယူကျင်းပသွားမည်ဟုဆုံးဖြတ်လိုက်ကြောင်း မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်မှ သတင်းရရှိသည်။

မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် EC အရေးပေါ်အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ၄င်းညီစားရွာ လူထုတွေ့ဆုံပွဲ ကျင်းပမည့်အစီအစဉ်များကို မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်မှ အသေးစိတ် ထုတ်ဖော်ပြောကြားခြင်းမရှိသလို ကရင်ပြည်နယ်အတွင်း လူဦးရေ ၄၀ ထက်မပိုသည့်လူထုတွေ့ဆုံပွဲများ မွန်ပြည်သစ်ကျင်းပဖြစ်မဖြစ်ကိုလည်း မသိရသေးပေ။

ရေးမြို့နယ်အတွင်းရှိ ဝယ်ဇင်ရွာနှင့် ညီစားရွာတို့၌ မွန်ပြည်သစ်ဦးဆောင်ကျင်းမည့်လူထုတွေ့ဆုံပွဲများကို အစိုးရဘက်က သဘောတူခွင့်ပြုပေးထားပြီဖြစ်ကြောင်း မွန်ပြည်နယ် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်ရေးကော်မတီဝင်တစ်ဦးထံမှ သိရသည်။

အဆုုိပါ မွန်ပြည်သစ်ပါတီ၏ လူထုတွေ့ဆုံပွဲများကို ယခုဧပြီလကုန်ပိုင်းတွင် အဆင်ပြေချောမွေ့စွာ ကျင်းပဖြစ်ပါက မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို လာမည့်မေလဆန်းတွင် ရေးမြို့နယ်၌ ကျင်းပသွားရန် အကြမ်းဖျဉ်းလျာထားသည်ဟု စုံစမ်းသိရှိရသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ မွန်ပြည်သစ်ပါတီခေါင်းဆောင်များ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UNDJC အဖွဲ့ဝင်များနှင့် မွန်ပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှုကော်မတီတို့ တက်ရောက်ခဲ့ကြသော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့က မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး ၌ ကျင်းပခဲ့ရာတွင် မွန်ပြည်သစ်ပါတီ၏ လူထုတွေ့ဆုံပွဲများကျင်းပရေးကိစ္စကို သဘောတူဆုံးဖြတ်ချက်မချနိုင်သဖြင့် သတင်းမီဒီီယာများသို့ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။

January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...
January 16, 2026
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသူ...