ရာမည မွန်ရှေ့နေများကွန်ရက် (ရန်ကုန်) ဖွဲ့စည်း

ရာမည မွန်ရှေ့နေများကွန်ရက် (ရန်ကုန်) ဖွဲ့စည်း
ရာမည မွန်ရှေ့နေများကွန်ရက် (ရန်ကုန်) ဖွဲ့စည်းခဲ့စဉ်(photo: MNA)
ရာမည မွန်ရှေ့နေများကွန်ရက် (ရန်ကုန်) ဖွဲ့စည်းခဲ့စဉ်(photo: MNA)

ဥပဒေအထောက်အကူပြုရေးနှင့် ဥပဒေအသိပညာမြင့်မားရေးအတွက် ရည်ရွယ်ပြီး ရာမည မွန်ရှေ့နေများကွန်ရက် (ရန်ကုန်) ကို ဧပြီလ (၁) ရက်နေ့၊ ရန်ကုန်မြို့ ရွှေတိဂုံဘုရားတောင်ဘက်မုဒ်ရှိ မွန်ပိဋကတ်တိုက်၌ ဖွဲ့စည်းခဲ့ကြောင်း (ရုံးအဖွဲ့မှူး) မင်းခိုင်လင်းထွန်းက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

 “မတရားမှုပြုလုပ်ခံရသူ၊ နစ်နာတဲ့သူ၊ ရှေ့နေငှားဖို့ ငွေရေးကြေးရေး ခက်ခဲ့တဲ့သူတွေဘက်ကနေ အခမဲ့အနေဖြင့် အမှုလိုက်ပေးတယ်၊ ဥပဒေနဲ့ပတ်သက်ပြီးတော့လည်း အကြံပေးတယ်” ဟု မင်းခိုင်လင်းထွန်းက ပြောသည်။

သို့ရာတွင် ဥပဒေအကြံအဉာဏ်ပေးရေးကို လုပ်ဆောင်နိုင်သော်လည်း အမှုလိုက်ပါဆောင်ရွက်ရေးတွင် ဘဏ္ဍာငွေကြောင့် အကောင်အထည်ဖော်ရန် အခက်အခဲဖြစ်နေသည်ဟု သူက ဆက်ပြောသည်။

တိုင်းရင်းသားလူမျိုးအခွင့်အရေး (ဖက်ဒရယ်၊ ဒီမိုကရေစီ) နှင့် လူ့အခွင့်အရေးကော်မတီ နိုင်ကျော်ဝင်းက “ဥပဒေကို လူတိုင်းက နားလည်နေရင် အန္တရာယ်ကင်းတယ်၊ ကိုယ့်ရဲ့အခွင့်အရေး၊ တိုင်းရင်းသားလူမျိုးအခွင့်အရေးတွေလည်း ပြည့်ပြည့်ဝဝ ယူလို့နိုင်တယ်” ဟု သူက ဆက်ပြောသည်။

အလားတူ ရာမည မွန်ရှေ့နေများကွန်ရက် (မော်လမြိုင်) ကို မတ်လ (၁၇) ရက်နေ့၊ ဓာတုမာလာမွန်ပရိယတ္တိကျောင်းတွင် ဖွဲ့စည်းခဲ့ပြီး ကရင်ပြည်နယ်၊ မန္တလေး၊ ပဲခူးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ဆက်လက်ဖွဲ့စည်းမည်ဟု မင်းခိုင်လင်းထွန်းက ပြောသည်။

January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...
January 16, 2026
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသူ...