ကျဉ်းမြောင်းတဲ့ အမျိုးသားရေးစိတ်ဓာတ်

ကျဉ်းမြောင်းတဲ့ အမျိုးသားရေးစိတ်ဓာတ်

မြန်မာပြည်ရဲ့ငြိမ်းချမ်းရေးအတွက်အဓိကအတားအဆီးဖြစ်နေတာဟာ Nationalism ဆိုတဲကျဉ်းမြောင်းတဲ့အမျိုးသားရေးစိတ်ဓါတ်ပဲ၊ လူတော်တော်များများမှာကိန်းဝပ်နေသလိုစာပေအနုပညာနယ်ပယ်မှာလည်းအတော်ကို ကျယ်ပြန့်နေဆဲဖြစ်ပါတယ်။

အသိသာဆုံးဥပမာပြရရင် ဒီနေ့မြန်မာ့တပ်မတော်ဟာ Myanmar Nationalism ကိုအခြေခံပြီးဖွဲ့စည်းတည်ဆောက်ထားတဲ့အကြီးအမားဆုံးအင်အားစုဖြစ်တယ်၊ ကျောင်းတော်ကြီးရှေ့မှာ အနော်ရထာ၊ဘုရင့်နောင်၊အလောင်းဖုရားရုပ်ထုတွေကိုမားမားကြီးစိုက်ထူထားပြီး ကျဉ်းမြောင်းတဲ့အမျိုးသားရေးစိတ်ဓါတ်တွေကိုရိုက်သွင်းထားကြတယ်၊အနာဂတ်အတွက်မွေးထုတ်လာမဲ့စစ်ဗိုလ်စစ်သားတွေကိုတိုင်းရင်းသားတွေဆိုတာဟိုးဘုရင်တွေခေတ်ကတည်းကငါတို့မြန်မာတွေရဲ့ထာဝရလက်အောက်ခံလိုလိုလူမျိုးစုငယ်တွေလိုလို အသိတွေကု ိဝင်လာအောင်စိတ်ဓါတ် တွေကိုရိုက်သွင်းထားတယ်။

ရလာဒ်ကတော့ပြည်ထောင်စုတည်ဆောက်ရေးမှာတပ်မတော်ဟာအဓိကအဟန့်အတားအဟန့်အတားတွေဖြစ်လာတယ်၊ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်တို့လိုလူကအစအတွေးအခေါ်အရမမှန်တော့ဘူး၊ တိုင်းရင်းသားတွေကိုမြန်မာဆန့်ကျင်ရေးသမား တနည်းအားဖြ င် ့ပုန်ကန်သူသူပုန်ေ တွအဖြစ်မြင်လာကြတယ်။

ဒါကြောင့်စစ်ခေါင်းဆောင်တွေမှာ ပြည်ထောင်စုစိတ်ဓါတ်ကိုရှာလို့မတွေ့နိုင်ဘူး၊  ဖက်ဒရယ်ကိုသူတို့ဖါသာသူတို့အဓိပါယ်ဖွင့်ပြီးငါတို့ပေးနိုင်တဲ့အခွင့်အရေးလောက်ကိုပဲယူရမယ်လို့

သူတို့ထင်နေကြတာ Nationalism စိတ်ဓါတ်ရဲ့အကျိုးဆက်ပဲ။

Nationalism ဆိုတာဘာလည်း အနည်းငယ်ဆန်းစစ်ကြည့်ရအောင်

Definition of nationalism

1 : loyalty and devotion to a nation; especially : a sense of national consciousness (see consciousness 1c) exalting one nation above all others and placing primary emphasis on promotion of its culture and interests as opposed to those of other nations or supranational groups.

အဘိဓါန်မှာ nation လို့ရေးထားပေမဲ့ နိုင်ငံတစ်နိုင်ငံ-လူမျိုးတစ်မျိုး လို့ယူဆပြီးနားလည်ရမယ်၊ အတိုချုန်းပြောရရင် နိုင်ငံတစ်နိုင်ငံ-လူမျိုးတစ်မျိုးအပေါ်မှာသာသစ္စာတည်ပြီးထိုသူတို့၏ဘာသာစကားယဉ်းကျေးမှုနဲ့အကျိုးစီးပွါးကိုသာဦးစားပေးဆောင်ရွက်ပြီးအခြားအသွင်မတူသောနိုင်ငံတစ်နိုင်ငံလူမျိုးတစ်မျိုးကိုဆန့်ကျင်ပြီးနေထိုင်ပြုမူသောအလေ့အထကိုကျင့်သုံးခြင်း သည်ကျဉ်းမြောင်းတဲ့အမျိုးသားရေးစိတ်ဓါတ်ဖြစ်သည်၊မြန်မာပြည်ဟာလွတ်လပ်ရေးမရခင် ပဒေသရာဇ်ခေတ်ကပင်ကျဉ်းမြောင်းတဲ့အမျိုးသားရေးစိ တ်ဓါတ်ကိုကျင့်သုံး လာခဲ့တာနောက်ဆုံး လွတ်လပ်ရေးရလာတဲ့အထိပါလာခဲ့တယ်။

မေမြို့စစ်တက္ကသိုလ်သည် nationalism ကိုအဓိကပို့ချပေးရာ နေရာဌါနကြီးတစ်ခုဖြစ်ပြီး ပညာရေးဌါနသည် nationalism ကို အခြေခံပြီးသမိုင်းပထသိတို့ကိုသင်ကြားပေးရာဌါနဖြစ်သည်၊ ဘုန်းကြီးကျောင်းအများစုသည်လည်း nationalism ကိုပြန့်ပါွးပေးရာနေရာများဖြစ်ကြပြီး ခေတ်အဆက်ဆက်မီဒီယာများနဲ့ရုပ်ရှင်ဂီတတွေဟာ Nationalism ကို promote မြှင့်တင်ပေး ရာနေရာများဖြစ်ကြတယ်။

ဒါကြောင့် Nationalism စိတ်ဓါတ်ဟာ တော်ရုံတန်ရုံပျောက်သွားဖို့မလွယ်ဘူး၊ သာမန်လူတော်တော်များများမှာလည်းရှိနေတယ်၊နိုင်ငံခေါင်းဆောင်တွေဟာအနာဂတ်ငြိမ်းချမ်းရေးအတွက်အမျှော်အမြင်ရှိရှိနဲ့ Nationalism စိတ်ဓါတ်တွေနည်းပါးသွားအောင်

အထူးဂရုုပြုပြီးဆောင်ရွက်သွားပေးသင့်ပါတယ်။

ဒီလိုမှမဟုတ်ရင်စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်ဖို့ရာလမ်းမမြင် သေးဘူး၊ဖက်ဒရယ်အတုမျှသာတည်ဆောက်နိုင်ပါလိမ့်ဦးမယ်လို့ပြောခဲ့ပါရစေဗျာ…

Most read this week

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...