ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်းမှ မြောက်ဦးသွေးလှူရှင်အသင်းသို့ လူနာတင်ယာဉ် ၂ စီးလှူဒါန်း

ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်းမှ မြောက်ဦးသွေးလှူရှင်အသင်းသို့ လူနာတင်ယာဉ် ၂ စီးလှူဒါန်း
by -
စံမောင်သန်း

ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်းမှ ရခိုင်ပြည်နယ် မြောက်ဦးမြို့ သွေးလှူရှင်အသင်းသို့ မတ်လ ၂၇ ရက်နေ့ နံနက်က လူနာတင်ယာဉ်နှစ်စီး လှူဒါန်းခဲ့သည်ဟု သိရသည်။

“မြောက်ဦးခရိုင်ဆေးရုံမှာ ဆရာဝန်မလုံလောက်တဲ့အတွက်ကြောင့် အရေးပေါ်လူနာတွေကို စစ်တွေမြို့ကို ပို့ပေးနေရပါတယ်။ မြောက်ဦးမြို့မှာ လူနာတင်ယာဉ် တစ်စီးနဲ့ လူနာနဲ့ မမျှဖြစ်နေတဲ့ အတွက်ကြောင့် ရုတ်တရက် မတော်တဆ ဖြစ်တဲ့လူနာတွေ၊ အရေးပေါ်လူနာတွေကို စစ်တွေ ဆေးရုံကို အချိန်မီပို့ဆောင် ကုသနိုင်ဖို့အတွက် လူနာတင်ယာဉ်နှစ်စီးကို ပေးလှူရခြင်း ဖြစ်ပါတယ်” ဟု ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်းမှ စီမံကိန်း ဒါရိုက်တာ ဒေါ်ခင်သန်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

မြောက်ဦးသွေးလှူရှင်များအသင်းတွင်ရှိသည့် လူနာတင်ယာဉ် တစ်စီးမှာလည်း ပျက်စီးနေပြီ ဖြစ်သည့်အတွက် သွေးလှူရှင်များအသင်းက လူနာများကို ပို့ဆောင်ရာတွင် အသုံးပြုနိုင်ရန်နှင့် လူနာများအသက်ကို ကယ်တင်ပေးနိုင်ရန် ကူညီရခြင်းဖြစ်သည်ဟု ဆိုသည်။

ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်းသည် ရခိုင်ပြည်နယ်၌ ပညာရေးကျန်းမာရေး ကဏ္ဍများတွင် အကူညီပေးနေသည့် လူမှုရေး အဖွဲ့အစည်း တစ်ခုဖြစ်သည်။

၎င်းအပြင် မြောက်ဦးမြို့ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်နိုင်ရေ အတွက် မြောက်ဦး ပြည်သူများကို အသိပညာပေးခြင်း လုပ်ငန်းများကို ကူညီ လုပ်ကိုင်လျက်ရှိပြီး၊ မြို့သစ်စီမံကိန်းနှင့် ရှေးဟောင်းဘုရားများကို ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများကိုလည်း တရုတ်နှင့် အီတလီနိုင်ငံ တို့နှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း သိရသည်။

ဒေါက်တာ စောမြအောင် ဖောင်ဒေးရှင်း အနေဖြင့် ရခိုင်ပြည်နယ် အနှံ့အပြားတွင် ရေကန် ၅၂ ကန်လှူဒါန်းခဲ့ပြီဖြစ်ပြီး နောက်ထပ်လည်း ရေကန်များကို လှူဒါန်းသွားမည်ဟု သိရှိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...