မွန်ကိုယ်စားပြုပါတီတွင် မွန်နှစ်ပါတီပါဝင်လာရေး ၂၁ ဦးအဖွဲ့ ဆက်လက်ကြိုးပမ်းမည်ဟုဆို

မွန်ကိုယ်စားပြုပါတီတွင် မွန်နှစ်ပါတီပါဝင်လာရေး ၂၁ ဦးအဖွဲ့ ဆက်လက်ကြိုးပမ်းမည်ဟုဆို
NMSP နှင့် ၂၁ ဦးအဖွဲ့တွေ့ဆုံဆွေးနွေးခဲ့စဉ်(photo/Facebook)
NMSP နှင့် ၂၁ ဦးအဖွဲ့တွေ့ဆုံဆွေးနွေးခဲ့စဉ်(photo/Facebook)

မွန်ကိုယ်စားပြုပါတီတွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP နှင့် မွန်အမျိုးသားပါတီ MNP ပါတီတို့ ပါဝင်လာရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဟု မွန်ကိုယ်စားပြုပါတီအကောင်အထည်ဖော်ရေး၂၁ ဦးအဖွဲ့ ဥက္ကဌ နိုင်ကောင်းရွတ်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

နိုင်ကောင်းရွတ်က “ နှစ်ပါတီက ကျနော်တို့အဖွဲ့နဲ့ လောလောဆယ်မှာ မတွေ့ဆုံနိုင်သေးဘူးလို့ ဆိုတယ်၊ စာနဲ့ပေနဲ့ အကြောင်းကြားလာတာမဟုတ်ပေမယ့် နောက်မှတွေ့ဖို့စဉ်းစားမယ်ဆိုတာကို မီဒီယာကတဆင့် ပြောတာရှိတယ်” ဟု ဆိုသည်။

မွန်ကိုယ်စားပြုပါတီအကောင်အထည်ဖော်သည့်နေရာတွင် AMDP, MNP နှစ်ပါတီ မပါဝင်နိုင်ပါက ပြည့်စုံလိမ့်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် နှစ်ပါတီပါဝင်လာရေးအတွက် မိမိတို့အဖွဲ့အစည်း သက်တမ်းကုန်ဆုံးသည်အထိ ကြိုးပမ်းသွားမည်ဟု နိုင်ကောင်းရွတ်က ဆက်ပြောသည်။

သို့ရာတွင် မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယီတမက “သူတို့ရဲ့ မွန်နိုင်ငံရေးညီလာခံကို ကျနော်တို့ပါတီရော AMDP ပါတီကပါ အသိအမှတ်မပြုပါဘူး၊ ဒါကြောင့်ပဲ အဲဒီညီလာခံကို ကျနော်တို့ပါတီကိုယ်စားလှယ်မလွှတ်ခဲ့ဘူး၊ တက်ရောက်ခြင်းမရှိခဲ့ဘူး” ဟု ဆိုသည်။

ထို့ကြောင့် အဆိုပါ မွန်နိုင်ငံရေးညီလာခံ၏ ဆုံးဖြတ်ချက်များသည် မိမိတို့ပါတီနှင့် မသက်ဆိုင်ကြောင်း၊ အဆိုပါညီလာခံနှင့်ပတ်သက်၍ ၄င်းတို့အကောင်အထည်ဖော်နေသောကိစ္စအပေါ်  မိမိတို့မဝေဖန်လိုကြောင်း နိုင်လယီတမက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

မွန်ကိုယ်စားပြုပါတီအကောင်အထည်ဖော်ရေး၂၁ ဦးအဖွဲ့အနေဖြင့် ညီလာခံပြီး ၃ လအတွင်း မွန်ပါတီများနှင့်တွေ့ဆုံဆွေးနွေးမှုပြီးမြောက်စေရန် မွန်နိုင်ငံရေးညီလာခံက ဆုံးဖြတ်ထားရာ လက်ရှိတွင် မွန်ပြည်သစ်ပါတီတစ်ဖွဲ့သာ တွေ့ဆုံဆွေးနွေးဖြစ်ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃-၁၄ ရက်နေ့များတွင်ကျင်းပခဲ့သော မွန်နိုင်ငံရေးညီလာခံဆုံးဖြတ်ချက်အရ မွန်ကိုယ်စားပြုပါတီအကောင်အထည်ဖော်ရေး၂၁ ဦးအဖွဲ့ကို ရွေးချယ်ဖွဲ့စည်းခဲ့ပြီး အဖွဲ့၏သက်တမ်းကို ၆ လ သတ်မှတ်ပေးထားသည်ဟု သိရသည်။

January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...
January 16, 2026
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသူ...