ကိုနိုင်စိုး အပါအဝင် အဖမ်းခံထားရသူ ၄ ဦးရမန် ထပ်ယူမှု တရားရုံးပယ်ချ

ကိုနိုင်စိုး အပါအဝင် အဖမ်းခံထားရသူ ၄ ဦးရမန် ထပ်ယူမှု တရားရုံးပယ်ချ

စစ်တွေဗုံးပေါက်ကွဲမှု သံသယဖြင့် ဖမ်းဆီးခံထားရသူ ကိုနိုင်စိုးအပါအဝင် စစ်တွေဒေသခံ ၄ ဦးအား ရမန် ၂ ကြိမ် ယူပြီးနောက် နောက်ထပ် ရမန်ထပ်ယူရာ စစ်တွေမြို့နယ် တရားရုံးကို ၎င်းရမန်တောင်းခံမှုကို ပယ်ချလိုက်သည်ဟု သတင်းရရှိသည်။

ယနေ့ ညနေ ၄ နာရီကျော် ဦးရွှေထွန်းအောင်၊ ဦးမောင်ဦးမြင့်၊ ဦးသန်းရွှေ နှင့် ကိုနိုင်စိုးတို့ကို စစ်တွေမြို့နယ် တရားရုံးတွင် ရုံးထုတ်ပြီး ရဲက ရမန်ယူရာ တရားရုုံးက ပယ်ချလိုက်ကြောင်း ကိုနိုင်စိုးက ပြောသည်။

ကိုနိုင်စိုးတို့အား ၂ ကြိမ်တိတိ ရမန်ယူကာ ရက်ပေါင်း ၃၀ ဖမ်းဆီးထိန်းသိမ်းပြီးနောက် တရားမစွဲတင်နိုင်ပါက ဥပဒေကြောင်းအရ ပြန်လည် လွတ်ပေးရမည်ဟု သူတို့ အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေသူ ရှေ့နေတစ်ဦးက ပြောကြားသည်။

ယနေ့ တရားရုံတွင် ကိုနိုင်စိုးမှ ရက်ပေါင်း ၃၀ ပြည့်သွားပြီ ဖြစ်သဖြင့် နောက်ထပ် ချုပ်ရက် တိုးမပေးရန် တရားသူကြီးအား စာရေး တောင်းဆိုခဲ့သည်။

စာထဲတွင် သူ့အား ၂၅-၂-၂၀၁၈ ရက်နေ့မှ ဖမ်းဆီး ချုပ်နှောင်ထားသည်မှာ ရက်ပေါင်း (၃၀) ပြည့်သွားပြီ ဖြစ်သည့်အပြင် သူ၏ ကျန်းမာရေးမှာလည်း မကောင်းသဖြင့် သူ့အား ချုပ်ရက်ထပ်တိုးမပေးရန် စာရေးတင်ပြခဲ့သည်ဟု သိရသည်။

ကိုနိုင်စိုး အပါအဝင် ယနေ့ ရုံးထုတ်သူ ၄ဦးအား ဖမ်းဆီးချုပ်နှောင်ထားသည်မှာ ရက်ပေါင်း ၃၀ ပြည့်သွားပြီ ဖြစ်သဖြင့် တရာစွဲဆိုနိုင်ခြင်းမရှိပါ လွတ်ပေးရမည် ဖြစ်ကြောင်း၊ သို့သော်လည်း လောလောဆယ်တွင် အမှတ်(၁) ရဲစခန်းသို့ ပြန်လည် ခေါ်ဆောင်သွားကြောင်း ၎င်းက ပြောကြားသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဖေဖော်ဝါရီ ၂၄ ရက်နေ့က လက်လုပ် ချိန်ကိုက်မိုင်း သုံးလုံးပေါက်ကွဲပြီး ဌာနဆိုင်ရာ အဆောက်အဦးတစ်ချို့နှင့် လူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

၎င်းဗုံးကွဲမှုဖြင့် ကိုနိုင်စိုး အပါအဝင် လူ ၉ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...