KIA နှင့် နှစ်ရက် ကြာ တိုက်ပွဲမှာ အစိုးရ စစ်သား ၈၀ ခန့် ဒဏ်ရသေဆုံးမှုရှိဟုဆို

KIA နှင့် နှစ်ရက် ကြာ တိုက်ပွဲမှာ အစိုးရ စစ်သား ၈၀ ခန့် ဒဏ်ရသေဆုံးမှုရှိဟုဆို
by -
ကေအဲန်ဂျီ
မြစ်ကြီးနား-ဗန်းမော်လမ်း အရှေ့ဘက် Nhkram Bum တောင်မှာ ကချင် လွတ်လပ်ရေး တပ်မတော် KIA လှုပ်ရှားတပ်ဖွဲ့ တပ်ရင်း DND ၂၅၂ နှင့် နှစ်ရက်ကြာဖြစ်ပွားသည့် တိုက်ပွဲအတွင်း မြန်မာ စစ်သား စုစုပေါင်း ထိခိုက်ဒဏ်ရာရသေဆုံး မှု ၈၀ ခန့် ရှိမည်ဟု KIA က ဆိုပါသည်။

၎င်းတောင်တွင် စက်တင်ဘာ ၁၆၊ ၁၇ နှစ်ရက် ပြင်းပြင်းထန်ထန် ဖြစ်ပွားသော တိုက်ပွဲတွင် အစိုးရ စစ်သား ၃၀ ကျော် သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာ ရရှိပြီး KIA ဘက်မှာ စစ်သား နှစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း  KIA ရှေ့တန်းသတင်းများ အရသိရသည်။

ယခုကဲ့သို့ အစိုးရစစ်သား အများအပြား ထိခိုက် ဒဏ်ရာရသေဆုံးမှုနှင့် တိုက်ပွဲ သတင်းများကို နိုင်ငံတော် အစိုးရနှင့် တပ်မတော် အာဘော် သတင်းမီဒီယာများတွင် ရေးသား ဖော်ပြခြင်း မရှိသလို သီးခြားအတည်ပြုနိင်ခြင်းလဲ မရှိသေးပါ။

၀ိုင်းမော်မြို့နယ် Dabak Hka ချောင်းဖျား Nhkram Bum တောင်ပေါ်ရှိ စစ်ရေး မဟာဗျူဟာအရ အရေးပါသော KIA DND ၂၅၂ ၏ Gideon Post စခန်းကို တပ်မတော် စစ်ကြောင်းများ ပြီးခဲ့သည့် သြဂုတ်လမှ ထိုးစစ်ဆင် တိုက်ခိုက် နေခြင်းဖြစ်သည်။

သြဂုတ် ၂၃ ရက်မှာလည်း တပ်မတော်မှ ရုရှားနိင်ငံလုပ် တိုက်ခိုက်ရေး ရဟတ်ယာဉ် Mi-35 နှစ်စင်းဖြင့် Nhkram Bum မှ KIA တပ်များကို တိုက်ခိုက်ခဲ့သေးသည်။

သို့သော်လည်း ယခုချိန်ထိ Gideon Post ကို အစိုးရတပ်မှ သိမ်းပိုက်နိုင်ခြင်း မရှိသေးဘဲ မြစ်ကြီးနား-ဗန်းမော်လမ်း ဘက်မှ စစ်ကူများ ယင်းနေရာဘက်ကို တက်လာနေကြောင်း ဒေသခံများထံမှ သိရပါသည်။

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...