အလုပ်အကိုင်များ ဖန်တီးပေးမည့် စက်ရုံများကို ကန့်ကွက်ခြင်းမပြုကြရန် ဝန်ကြီးချုပ် တိုက်တွန်း

အလုပ်အကိုင်များ ဖန်တီးပေးမည့် စက်ရုံများကို ကန့်ကွက်ခြင်းမပြုကြရန် ဝန်ကြီးချုပ် တိုက်တွန်း
by -
မူအက်စတာ

လုပ်သား အများအပြား ဝင်ရောက်လုပ်ကိုင်နိုင်သည့် စက်ရုံ၊ အလုပ်ရုံများ မရှိသည့်အတွက် ကယားပြည်နယ်၌ အလုပ်အကိုင်အခွင့်အလမ်းများ ရှားပါးနေခြင်းဖြစ်ကြောင်း ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖေါင်းရှိုးက ပြောကြားသည်။

“ကျွန်တော်မေးမယ် ကျွန်တော်တို့ ပြည်နယ်မှာ စက်ရုံအလုပ်ရုံတွေ ရှိလား။ ဘာစက်ရုံ၊ အလုပ်ရုံတွေရှိလဲ။”ဟု ဝန်ကြီးချုပ်က မေးခွန်းထုတ်သည်။

၎င်းက မတ်လ ၂၀ ရက်နေ့တွင် ကျင်းပခဲ့သော ဆယ်သဲသင်ယူလေ့လာရေးဆုံရပ်၏ အမှတ်စဉ် ၄ ၏ သင်ယူမှုပြီးမြောက်ခြင်း လက်မှတ်ပေးအပ်ပွဲအခမ်းအနားတွင် ကျောင်းသားများက လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းရှားပါးနေခြင်းအပေါ် ဝန်ကြီးချုပ်ကို မေးမြန်းခဲ့သည်။

“လူငယ်တွေ အလုပ်အကိုင်အခွင့်အလမ်း ဘာကြောင့်နည်းပါးနေရတာလဲ။”ဟု ဆယ်သဲ၏ ကျောင်းသားတစ်ဦးဖြစ်သူက မေးမြန်းသည်။

မြန်မာနိုင်ငံရှိ အခြားသော တိုင်းနှင့် ပြည်နယ်များတွင် လျှပ်စစ်ကဏ္ဍ၊ ဘိလပ်မြေစက်ရုံ၊ သတု္တတူးဖေါ်ရေး စသည့် ကဏ္ဍအလိုက် စက်ရုံအလုပ်ရုံများ တည်ထောင်ထားပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနေကြောင်း ဝန်ကြီးချုပ်က ညွှန်းဆိုသည်။

“အဲ့ဒေသမှာ ဆယ်တန်းအောင်တဲ့သူရော၊ မအောင်တဲ့သူရော၊ ဘွဲ့ရတဲ့သူတွေရော ပညာအရည်အချင်း အလိုက် အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိတယ်။”ဟု ၎င်းက နှိုင်းယှဉ်ပြသည်။

ပြည်နယ်အတွင်း အကောင်အထည်ဖေါ်မည့် အလုပ်ရုံ၊ စက်ရုံနှင့် စီမံကိန်းများကို သဘာဝပတ်ဝန်းကျင်မထိခိုက်စေဘဲ ဆောင်ရွက်သွားမည်သဖြင့် ပြည်သူများက ကန့်ကွက်ခြင်းမပြုကြရန် ဝန်ကြီးချုပ်က တိုက်တွန်းထားသည်။

“ကျွန်တော်တို့မှာ အဲ့ဒီစက်ရုံအလုပ်ရုံတွေ မရှိဘဲနဲ့ ဒီမှာရှိတဲ့ သားငယ်သမီးငယ်တွေကို ဘယ်လိုလုပ် အလုပ်အကိုင် အခွင့်အလမ်းပေးနိုင်မှာလဲ။ ကျွန်တော်တို့ ပြည်နယ်အစိုးရကလည်း ဒါတွေကို ကြိုးပမ်းဆောင်ရွက်တဲ့နေရာမှာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင် စက်ရုံအလုပ်ရုံတည်မယ်ဆိုရင် မကန့်ကွက်ကြဖို့လိုတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
ဓာတ်ပုံ - Kantarawaddy Times
September 18, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် စက်တင်ဘာလ ပထမပတ်မှစ၍ စစ်အုပ်စုတပ်၏ တိုက်...
ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...