ကချင်၊ ရှမ်း ပြည်နယ်တို့တွင် အစိုးရတပ် နှင့် KIA တိုက်ပွဲများ ဆက်လက် ဖြစ်ပွား

ကချင်၊ ရှမ်း ပြည်နယ်တို့တွင် အစိုးရတပ် နှင့် KIA တိုက်ပွဲများ ဆက်လက် ဖြစ်ပွား
by -
ကေအဲန်ဂျီ
မြန်မာ အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA ကြား ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စက်တင်ဘာလ ၂၀ရက်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

မြစ်ကြီးနား-ဗန်းမော် ကားလမ်းမပေါ် KIA တပ်ရင်း ၃ နယ်မြေ Ga Ra Yang (ဂါးရာယန်) ကျေးရွာတွင် နံနက်ပိုင်း တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု KIA ဘက်က ပြောပါသည်။ KIA တပ်ရင်း ၃ တပ်ဖွဲ့များ၏ မိုင်းနှင့် တိုက်ခိုက်မှုတွင် အစိုးရ စစ်သားများ သေဆုံး ထိခိုက်မှုများ ရှိကြောင်း ရှေ့တန်း သတင်းများမှ သိရသည်။

၂၀၁၁ တိုက်ပွဲ ဖြစ်ပွားလာပြီးနောက် Ga Ra Yang ရွာသားများသည် မြစ်ကြီးနားနှင့် တရုတ် နယ်စပ် စစ်ပြေးဒုက္ခသည် စခန်းများတွင် ထွက်ပြေး ခိုလှုံနေရပြီး လက်ရှိ ရွာတွင် အစိုးရတပ်မှ စခန်းချ နေပါသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် အရှေ့ဘက် KIA တပ်မဟာ ၄၊ တပ်ရင်း ၁၇ နယ်မြေ Shan Htung Bum အနီးတွင် နေ့လယ်ပိုင်းက အစိုးရ တပ်မ ၉၉ တပ်ဖွဲ့များနှင့် ၂ နာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲမှာ နှစ်ဖက်တပ်ကြား ထိခိုက်မှုများ ရှိသော်လည်း အသေးစိတ်ကိုမှု မသိနိုင်သေးပါ။

ကချင် ပြည်နယ် တရုတ်နယ်စပ် Laiza (လိုင်ဇာ) KIO ဗဟို ဌာနချုပ် နယ်မြေ KIA လှုပ်ရှားတပ်ဖွဲ့ တပ်ရင်း DND ၂၅၂ တပ်ဖွဲ့ရှိရာ Nhkram Bum တွင် အစိုးရ တပ်နှင့် KIA တို့ကြား လွန်ခဲ့သည့်အပတ် စက်တင်ဘာ ၁၂ ရက်မှ စပြီး စက်တင်ဘာလ ၂၀ရက် အထိ နေ့စဉ် လက်နက်ကြီးများဖြင့် အဝေးမှပစ်ခတ်ခြင်း အပါအဝင် မြေပြင် တိုက်ပွဲများလည်းဖြစ်ပွားခဲ့ကြောင်း KIO ဘက်မှ ပြောပါသည်။

၂၁ ရာစု ပင်လုံညီလာခံ ဖွင့်ပွဲ အပြီး မြန်မာ့ တပ်မတော်သည် ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်း KIA တပ်ရင်း ၁၄ နယ်မြေ ဘက်ကို စစ်အင်အား တိုးချဲ့လာပြီး၊ KIA တပ်ရင်း ၃ နှင့် Laiza ဗဟို ဌာနချုပ် နယ်မြေတို့တွင် အင်အား တိုးချဲ့လာနေပြီ ဖြစ်ကြောင်း KIA အရာရှိများပြောသည်။

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...