မေယူတောင်ကို ဖြတ်သန်းဖေါက်လုပ်နေသည့် စေတီပြင်-ကျောက်ပန္တု-အင်းဒင်လမ်းတွင် လုပ်ငန်းခွင်ကား တိမ်းမှောက်ရာမှ အမျိုးသမီး နှစ်ဦးသေဆုံးပြီး ခုနှစ်ဦး ဒဏ်ရာရ

မေယူတောင်ကို ဖြတ်သန်းဖေါက်လုပ်နေသည့် စေတီပြင်-ကျောက်ပန္တု-အင်းဒင်လမ်းတွင် လုပ်ငန်းခွင်ကား တိမ်းမှောက်ရာမှ အမျိုးသမီး နှစ်ဦးသေဆုံးပြီး ခုနှစ်ဦး ဒဏ်ရာရ

ရသေ့တောင်မြို့နယ် စေတီပြင်ရွာနှင့် မောင်တောမြို့နယ် ကျောက်ပန္တု-အင်းဒင်တို့ကို အကြား မေယူတောင်ကို ဖြတ်ပြီးဖောက်လုပ်နေသည့် လမ်းတွင် ယနေ့ နံနက် လုပ်ငန်းခွင်သုံး ကားတစ်စီး တိမ်းမှောက်၍ အမျိုးသမီး ၂ ဦး ပွဲချင်းပြီး သေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။

“ ကားမှောက်တာက ဒီကနေ့ နံနက် ၈ နာရီ ၁၅ မိနစ်မှာ တိမ်းမှောက်တာပါ။ ကျောက်သွားပို့တဲ့ ဆောက်လုပ်ရေးဌာနက ကျောက်တင်ကားလို့ သိရပါတယ်။ မေယူတောင်ထဲမှာ မှောက်တာပါ” ဟု အောက်ကျောင်းတောင် ကျေးရွာအုပ်ချုပ်ရေး စာရေး ဦးကျော်အေးမောင်က ပြောသည်။

သေဆုံးသွားသူ အမျိုးသမီး ၂ ဦးမှာ စေတီပြင်အနီးရှိ အောက်ကျောင်းတောင်ကျေးရွာမှ ဒေါ်ခင်သန်းမေ (ဘ) ဦးကျော်စိန်အောင် (၅၄)နှစ်နှင့် ဒေါ်သန်းစိုးမျှ (ဘ) ဦးမောင်သိုင်းစိန် (၄၉) နှစ်တို့ ဖြစ်ကြသည်။

ဒဏ်ရာရရှိသူ အမျိုးသမီးများမှာ အောက်ကျောင်းတောင် ကျေးရွာမှ မချိုချိုဝင်း(၂၅) နှစ်၊ ဒေါ်သန်းသန်းနု( ၃၀) နှစ်၊ ဒေါ်မမချေ (၄၅) နှစ်၊ ဒေါ်နွယ်နွယ်ဝင်း (၃၅) နှစ်၊ ဒေါ်သန်းစိန်ဖြူ (၅၅) နှစ်၊ ဒေါ်နှင်းနွယ် (၃၀)နှစ်နှင့် ဒေါ်သန်းသန်းစိုး (၃၅) နှစ်တို့ ဖြစ်ကြသည်။

ဒဏ်ရာရသူ အမျိုးသမီး ၇ ဦးထဲမှ ဒေါ်သန်းစိန်ဖြူမှာ စေတီပြင် တိုက်နယ်ဆေးရုံတွင် ကျန်နေခဲ့ပြီး ကျန်ဒဏ်ရာသူ အမျိုးသမီး ၆ ဦးကို စစ်တွေဆေးရုံးသို့ ပို့ဆောင်ခဲ့ရသည်ဟု ကျေးရွာ စာရေး ဦးကျော်အေးမောင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“ ဖြစ်တဲ့ အချိန်မှာတော့ စေတီပြင် တိုက်နယ်ဆေးရုံမှာ ဆရာဝန် ရှိမနေပါ။ သူ့ကို ရသေ့တောင်မြို့ပေါ်မှာ ဆရာဝန်ရှိမနေတဲ့ အတွက် ခေါ်ထားတယ်လို့ သိရပါတယ်။ အခုတော့ စေတီပြင် တိုက်နယ်ဆေးရုံမှာ ရောက်ရှိနေပြီလို့ သိရပါတယ်” ဟု သူက ဆက်လက်ပြောကြားသည်။

၎င်းတောင်ကျော်လမ်းသည် ၁၀ မိုင်နှင့် ၂ ဖာလုံရှိပြီး မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်အကြား မေယူတောင်ကိုဖြတ်ကာ ဆက်သွယ်ဖောက်လုပ်သည့် ပထမဆုံး ကားလမ်းဖြစ်သည်။

ယခု သေဆုံးမှုသည် ၎င်းလမ်းဖေါက်လုပ်ရာတွင် ပထမဆုံး သေဆုံးမှု ဖြစ်ကြောင်း သိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...