WY စိတ်ကြွဆေးပြား သိန်း ၆၀ ကျော် မောင်တောတွင် ဖမ်းမိ

WY စိတ်ကြွဆေးပြား သိန်း ၆၀ ကျော် မောင်တောတွင် ဖမ်းမိ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မောင်တောမြို့တွင် စိတ်ကြွဆေးပြား သိန်း (၆၀) ကျော်ကို စက်တင်ဘာလ ၁၉ ရက်နေ့က ဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။

မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးကျော်မြဝင်းမှ စက်တင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် မောင်တောမြို့အဝင် သုံးမိုင် အုတ်သဲ ကျောက်လုပ်ငန်းဝင်းအတွင် အုတ်ပုံထဲတွင် သိုဝှက်ထားသည့် WY စိတ်ကြွ မူးယစ် ဆေးပြား ခြောက်ဆယ့်နှစ်သိန်း သုံးသောင်း သုံးထောင် ရှစ်ဆယ် (၆၂၃၃၀၈၀) ကို ရှာဖွေ ဖမ်းမိခဲ့ကြောင်း နိရဥ္ဇရာသို့ ပြောသည်။

၎င်းနောက် မောင်တောမြို့ လသာရွာမှ နုရူလာမိန်မှာအိမ်ကို ဆက်လက် ၀င်ရောက်ရှာဖွေရာ နောက်ထပ် WY စိတ်ကြွ ဆေးပြား ၆၈၂၅၀၀ ကို ထပ်မံ ဖမ်းမိသည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

“ကျွန်တော်တို့  အုတ်သဲကျောက် လုပ်ငန်းပိုင်ရှင် တရားခံ ညီချစ် လွတ်မြောက်နေတဲ့ အတွက် ထပ်မံ စောင့်ကြည့် ရှာဖွေရာမှာ အုတ်ပုံ အတွင်းမှ ပီနံအိပ် ၂၇ လုံး ကိုတွေ့ရှိခဲ့ပါတယ်။  အဲဒီအထဲက WY ဆေးပြား ၆၂၃၃၀၈၀ ကို ဖမ်းဆီးရမိပါတယ်။  တစ်ပြိုင်တည်းမှာဘဲ သတင်း အရ လသာရွာ နုရူလာမိန် အိမ်ကိုဝင်ရောက်ရှာဖွယ်ရာ အိမ်သာခန်းထဲမှာ နောက်ထပ် ၆၈၂၅၀၀ ထပ်မံ ရှာဖွေ တွေ့ရှိပါတယ်” ဟု ပြောဆိုသည်။

ဖမ်းဆီးရမိသည့် ဆေးပြားများ၏ ကာလတန်ဖိုးမှာ ကျပ်သန်းပေါင်း ၁၃၈၀၀ ကျော်ဖိုးရှိကြောင်း သူက ဆက်လက်ပြောကြားသည်။

ယခုလ ၁၇ ရက်နေ့ကလည်း မောင်တော သုံးမိုင်ရပ်ကွက်ရှိ ဦးညီချစ်၏ အုတ်သဲကျောက် လုပ်ကွက်ငန်းခွင်ရှေ့ရှိ ကားတစ်စီးကို ရှာဖွေရာမှ စိတ်ကြွဆေးပြား ခြောက်သိန်းကျော်ကို ဖမ်းဆီးရမိပြီး ယာဉ်မောင်း မိုးဇော်ဦး (၂၈ နှစ်) နှင့် ကျောက်ခွဲစက်လုပ်ငန်းစာရေး ရှောင်ရှုဇူဟာရ် (၃၂ နှစ်) အား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ယခုဖမ်းဆီးရရှိမှုမှာ မောင်တောမြို့နယ်တွင်း စံချိန်တင် အများဆုံး ဖမ်းဆီးရရှိမှုဖြစ်ကြောင်းသိရသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...