ပုဏ္ဏားကျွန်းတွင် လူ ၄ ဦးကို တစ်သောင်းကျပ်တန် ငွေစက္ကူအတု ၂၆၈ ရွက်နှင့်အတူ ဖမ်းမိ

ပုဏ္ဏားကျွန်းတွင် လူ ၄ ဦးကို တစ်သောင်းကျပ်တန် ငွေစက္ကူအတု ၂၆၈ ရွက်နှင့်အတူ ဖမ်းမိ
by -
နိရဥ္စရာ
(ဓာတ်ပုံ- တေဇာအောင် Facebook)
(ဓာတ်ပုံ- တေဇာအောင် Facebook)
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာမှ လူ ၄ ဦးကို တစ်သောင်း ကျပ်တန် ငွေစက္ကူအတု ၂၆၈ ရွက်နှင့်အတူ စက်တင်ဘာလ ၁၉ ရက်နေ့က ဖမ်းဆီးလိုက်သည်ဟု သတင်းရရှိသည်။

ငွေစက္ကူအတုများနှင့်အတူ ဖမ်းဆီးခံရသူများမှာ ကိုဘစော(ခ) ကိုစောမောင် (၂၈) နှစ်၊ ဦးသိန်းမောင်အေး (၄၆) နှစ်၊ ဦးထွန်းထွန်း (ခ) ဦးခိုင်ထွန်းကျော် (၃၀) နှစ်နှင့် ကိုအောင်ရွှေသိန်း (၂၆) နှစ် တို့ဖြစ်ပြီး ကျောက်ဆိပ်ကျေးရွာမှ ဖြစ်သည်ဟု ပိုးရွှီပြင်ရဲစခန်းတွင် ထွက်ဆိုထားကြောင်း ပိုးရွှီပြင်ကျေးရွာသား တစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“သူတို့ ၄ ဦးကို စက်တင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းက ဖမ်းမိတာပါ။ ငွေအတုရော အစစ်ရော ပေါင်းလိုက်ရင် ကျပ်သိန်း ၃၀ ကျော်ဖို့လောက်ရှိပါတယ်။ ၁ သောင်းကျပ်တန် အတုက ၂၆၈ ရွက်၊ ၅ ထောင်ကျပ်တန် အစစ်က ၈၅ ရွက်နဲ့ ၁ ထောင်ကျပ်တန် အစစ်က ၅၇၆ ရွက်ဖြစ်ပါတယ်။ သူတို့ကို ပိုးရွှီပြင်ရဲစခန်းမှာ စစ်ချက်ယူပြီးတော့ ပုဏ္ဏားကျွန်းမြို့ ရဲစခန်းကို မနေ့ညနေကတည်းက ပို့လိုက်ပါပြီ”ဟု ပိုးရွှီပြင်ကျေးရွာတွင် ကျူရှင်ပြနေသည့် ဆရာဦးမောင်မြင့်လင်းက ပြောသည်။

ပုဏ္ဍားကျွန်း မြို့နယ် ရဲတပ်ဖွဲ့မှူးကလည်း ဖမ်းဆီးမှုမှာ ဟုတ်မှန်ကြောင်း၊ လက်ရှိ အချိန်တွင် စစ်ဆေးနေတုန်းဖြစ်၍ အသေးစိတ် မပြောကြားနိုင်သေးကြောင်း နိရဥ္စရာက ဆက်သွယ်မေးမြန်းစဉ် ပြန်လည်ဖြေကြားသည်။

ဖမ်းဆီးခံရသူများသည် စက်တင်ဘာလ ၁၈ ရက်နေ့ ညနေမှ စတင်ပြီး အဆိုပါ ငွေစက္ကူအတုများကို တစ်ဆိုင်ပြီး တစ်ဆိုင် အနည်းငယ်စီ ခွဲဝေ၍ အသုံးပြု စျေးဝယ်ခဲ့ကြကြောင်း၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင်လည်း ထပ်မံ၍ အသုံးပြု စျေးဝယ်ကြရာ ကျေးရွာသားများက မသင်္ကာသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးကို တိုင်ကြားကာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးက ရဲစခန်းသို့ အကြောင်းကြားခဲ့ရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ လူ ၄ ဦးကို ပေါက်တောပြင် နှင့် စေတီပြင်ကျေးရွာအကြား ခနောင်းကြီးကျေးရွာအနီးတွင် ပိုးရွှီပြင်ရဲနှင့် ၃၄၄ တပ်ရင်းတို့က ၀ိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆရာ ဦးမောင်မြင့်လင်းက ထပ်လောင်းပြောကြားသည်။

၄င်း ၄ ဦးသည် ယင်းငွေစက္ကူအတုများကို ပိုးရွှီပြင်ကျေးရွာအပြင် ဂန့်ဂါကျေးရွာ၌လည်း အသုံးပြုခဲ့သေးသည်ဟု စုံစမ်းသိရှိရသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...