လူထုတွေ့ဆုံပွဲကျင်းပခွင့် မွန်ပြည်သစ်ထံတရားဝင်အကြောင်းပြန်ကြားခြင်းမရှိသေး

လူထုတွေ့ဆုံပွဲကျင်းပခွင့် မွန်ပြည်သစ်ထံတရားဝင်အကြောင်းပြန်ကြားခြင်းမရှိသေး
NMSP,LDU NCA လက်မှတ်ရေးထိုးခြင်းအခမ်းအနား(photo: သတင်းစဉ်)
NMSP,LDU NCA လက်မှတ်ရေးထိုးခြင်းအခမ်းအနား(photo: သတင်းစဉ်)

တပ်မတော်မှလူဦးရေကန့်သတ်သည့် မွန်ပြည်သစ်ပါတီ လူထုတွေ့ဆုံပွဲအဆင်ပြေပြီဟု သတင်းများထွက်ပေါ်နေသော်လည်း သက်ဆိုင်ရာမှ တရားဝင်စာပေးပို့ခြင်းမရှိသေးဟု မွန်ပြည်သစ်ပါတီ ပြောသည်။

မွန်ပြည်သစ်ပါတီ ပြောခွင့်ရပုဂ္ဂိုလ် နိုင်အောင််မငေးက “ဖုန်းနဲ့အသိပေးလာတဲ့ကိစ္စကို ကျနော်တို့အတည်ပြုလို့ မဖြစ်ပါဘူး၊ တရားဝင်စာနဲ့ရေးသားလာတာကို လိုချင်တယ်၊ အခုဟာက နှစ်မျိုးဖြစ်နေတယ်၊ NCPC, PC တို့ဘက်က ဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း) လူထုတွေဆုံပွဲလုပ်လို့ရပြီလို့ ပြောလာတာကတစ်မျိုး၊  ရတခတိုင်းဘက်ကကန့်သတ်ထားတာက တစ်မျိုး ဖြစ်နေတယ်” ဟု ဆိုသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမကျင်းပမီ လူထုတွေ့ဆုံပွဲများကျင်းပနိုင်ရန် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC နှင့် ငြိမ်းချမ်းရေးကော်မရှင် PC သို့ စာရေးသားတောင်းဆိုထားပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ) နှင့် မွန်ပြည်နယ်ဝန်ကြီးချုပ်ထံ မိတ္တူပေးထားသော်လည်း ယနေ့အထိ တရားဝင်အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း နိုင်အောင်မငေးက ပြောသည်။  

“လူထုတွေ့ဆုံပွဲလေးကျင်းပတဲ့ကိစ္စလောက်နဲ့ ပြဿနာမဖြစ်ချင်ပါဘူး၊ ရှေ့မှာ ယုံကြည်မှုတည်ဆောက်နိုင်ဖို့က အရေးကြီးပါတယ်၊ အထစ်အငေါ့တွေနဲ့ လူထုတွေ့ဆုံပွဲကို မလုပ်လိုပါဘူး၊ ရတခကခွင့်ပြုတဲ့ လူဦးရေ ၂၀- ၃၀ လောက်နဲ့ မိသားစုတွေ့ဆုံပွဲမျိုးလိုလည်း မလုပ်ချင်ဘူး” ဟု   နိုင်အောင်မငေးက ဆက်ပြောသည်။    

တပ်မတော်မှ လူဦးရေကန့်သတ်လိုက်သည့် မွန်ပြည်သစ်ပါတီ လူထုတွေ့ဆုံပွဲများကျင်းပမည့်ကိစ္စ ငြိမ်းချမ်းရေးကော်မရှင် PC ညှိနှိုင်းမှုဖြင့် အဆင်ပြေသွားပြီဟု ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦးက MNTV သို့ ဖုန်းဖြင့် မတ်လ ၁၂ ရက်နေ့အတည်ပြုပြောကြားခဲ့ခြင််း ဖြစ်သည်။

မွန်ပြည်သစ်ပါတီအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်ရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးပြီးပါက မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပသည့်အခါ အကူအညီပေးမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့က မွန်ပြည်သစ်ပါတီဥက္ကဌအား ပြောဆိုခဲ့သည်ဟု မွန်ပြည်သစ်ပါတီထံမှသိရသည်။

လူထုတွေ့ဆုံပွဲများ ကန့်သတ်ခံရသဖြင့် လာမည့်ဧပြီလ ပထမပတ်အတွင်းရေးမြို့တွင် ကျင်းပရန်လျာထားသည့် မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန်မသေချာကြောင်း နိုင်အောင်မငေးက ဆိုသည်။

January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...
January 16, 2026
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသူ...