ပုဏ္ဍားကျွန်း- ရသေ့တောင်-ဘူးသီးတောင်ကားလမ်းဖွင့်ပွဲ၊ ရသေ့တောင် ၂၄ နာရီ လျှပ်မီးရရှိသည့် အောင်ပွဲအခမ်းအနား မတ် ၃၁ ရက်နေ့ကျင်းပမည်

ပုဏ္ဍားကျွန်း- ရသေ့တောင်-ဘူးသီးတောင်ကားလမ်းဖွင့်ပွဲ၊ ရသေ့တောင် ၂၄ နာရီ လျှပ်မီးရရှိသည့် အောင်ပွဲအခမ်းအနား မတ် ၃၁ ရက်နေ့ကျင်းပမည်
 ပုဏ္ဍားကျွန်း- ရသေ့တောင်လမ်းပေါ်ရှိ ရသေ့တောင်တံတား တည်ဆောက်နေမှု
ပုဏ္ဍားကျွန်း- ရသေ့တောင်လမ်းပေါ်ရှိ ရသေ့တောင်တံတား တည်ဆောက်နေမှု

ရခိုင်ပြည်နယ် စစ်တွေ- ရန်ကုန်ကားလမ်းနှင့် ဆက်သွယ် ဖောက်လုပ်ထားသည့် ပုဏ္ဍားကျွန်း- ရသေ့တောင်- ဘူးသီးတောင် ကားလမ်းကို မတ် လ ၃၁ ရက်နေ့တွင် ဖွင့်လှစ်သွားမည် သတင်းရရှိသည်။

နိုင်ငံတော်ဓာတ်အားပေးလိုင်းမှ ရသေ့တောင်မြို့ပေါ်နှင့် အနီးအနား ကျေးရွာ ၂၆ ရွာအား ၂၄ နာရီ လျှပ်စစ် မီးရရှိသည့် အောင်ပွဲ အခမ်းအနားကိုလည်း မတ်လ ၃၀ ရက်နေ့ ညတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ရသေ့တောင်မြို့ပေါ်နှင့် ၎င်းမြို့နယ် အတွင်း လျှပ်စစ်မီးရရှိကြမည့် ကျေးရွာများမှာ ဘာထလေရွာ (အိမ်ခြေ ၃၈၇)၊ လေးခွဆုံရွာ (အိမ်ခြေ၈၉)၊စပါးထားရွာ (အိမ်ခြေ ၁၁၅၊ လက်ပံပင်ရင်း (အိမ်ခြေ ၁၃၂)၊ ညောင်ပင်လယ် (အိမ်ခြေ ၂၉၂)၊ နှမ်းစင် (အိမ်ခြေ ၇၄)၊ ငတောက်တူကြီး (အိမ်ခြေ ၈၄)၊ ကျောက်တန်း (အိမ်ခြေ ၄၆၀)၊ အောင်သာစည် (အိမ်ခြေ- ၇၈)၊ ရွာသစ်ကေ (အိမ်ခြေ ၁၁၃)၊ ထီးစွဲ (အိမ်ခြေ ၁၄၂)၊ သောင်းဒရား (အိမ်ခြေ ၂၅၀)၊ သာစည်ထောင့် (အိမ်ခြေ ၁၂၉)၊ ဖြူချောင်း ( အိမ်ခြေ၄၀၂)၊ မင်းကံ (အိမ်ခြေ ၁၂၂)၊ အလယ်နဂါးမောက် (အိမ်ခြေ ၈၇)၊ အထက်နဂါးမောက် (အိမ်ခြေ ၁၁၉)၊ ကြိမ်သာ (အိမ်ခြေ ၃၂၀)၊ ပြားချောင်းကြီး (အိမ်ခြေ ၇၅)၊ ထွန်းရဝေ (အိမ်ခြေ ၁၄၁)၊ ပေါက်တောချေ (အိမ်ခြေ ၁၃၈)၊ ကူတောင် (အိမ်ခြေ ၈၇၇)၊ ဦးဂါ (အိမ်ခြေ ၄၂၀)၊ ရေပိုက်ဆုံ (အိမ်ခြေ ၁၁၄)၊ သာဇေထောင့် (အိမ်ခြေ ၇၁)နှင့် ဇီးကိုင်း (အိမ်ခြေ ၃၀၀) တို့ ဖြစ်ကြသည်။

နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရယူ ဖြန့်ဖြူးပေးနိုင်ရန် လက်ရှိတွင် ရသေ့တောင်မြို့တွင် 66/11KV 5MVA ဓာတ်အားခွဲရုံတစ်ခု တည်ဆောက်နေပြီး ပုဏ္ဏားကျွန်း- ရသေ့တောင် 66 KV ဓာတ်အားလိုင်းတစ်ဆင့် ဖြန့်ဖြူးပေးသွားမည်ဟု သိရသည်။

ပုဏ္ဍားကျွန်း- ရသေ့တောင်- ဘူးသီးတောင် တံတားဖွင့်ပွဲကိုလည်း မတ်လ ၃၁ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ၎င်း လမ်းပေါ်ရှိ တံတားများကို မတ်လ ၃၁ ရက်နေ့ အပြီးတည်ဆောက်နေပြီး တစ်ချို့တံတားများမှာ လုံးဝ ပြီးစီးသွားပြီ ဖြစ်ကြောင်း ရသေ့တောင်မြို့နယ် အမှတ်(၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဦးသန်းနိုင်ငံ နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

၎င်းလမ်းပေါ်တွင် တောဖျားချောင်း တံတား (၁၂၀၀)၊ စမ်းမတီး တံတား (၅၀၀ ပေ )၊ ရေပုတ်ချောင်း ၆၀ ပေ၊ ရသေ့တောင် တံတား (၈၀၀ ပေ)၊ သောင်းဒရားတံတား (၅၀၀ ပေ) ရေစိုးချောင်း ၁၂၀၊ ပဲသဒူ ၁၂၀၊ ငစံဘော် ၁၂၀၊ အောင်သာ ၁၂၀၊ ရွာဟောင်း၂၈၀၊ စိုင်းဒင် ၆၀၀ ပေ တို့ဖြစ်ကြသည်။

ရသေ့တောင်မှဘူးသီးတောင်ထိ ကားလမ်းမိုင်အရှည်မှာ ၃၄မိုင် ၄ ဖါလုံ ရှိပြီး ၎င်းလမ်းပေါ်ရှိ တံတားများကိုလည်း မတ်လ ၃၁ ရက်နေ့ ဖွင့်လှစ်နိုင်အောင် ကြိုးစား လုပ်ဆောင်နေကြရသည်ဟု သိရသည်။ ၎င်းလမ်းသည် နယ်စပ်မြို့ မောင်တောထိ သွားလာနိုင်မည် ဖြစ်သည်။

“ ပုဏ္ဍားကျွန်း- ရသေ့တောင်- ဘူးသီးတောင် ကားလမ်းဖွင့်ပွဲကို မတ်လ ၃၁ ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ ရသေ့တောင်မြို့နဲ့ ကျေးရွာ ၂၆ ရွာ လျှပ်စစ်မီး ရရှိတဲ့ အောင်ပွဲအခမ်းအနားကိုတော့ မတ်လ ၃၀ ရက်နေ့ ညမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ နို်င်ငံတော် ဒုသမ္မတ တစ်ဦးဦး တက်ရောက်ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်” ဟု ရသေ့တောင်မြို့နယ် အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်မှ ပြောကြားသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...