လာမည့်နှစ် ကျောင်းချိန်၌ ယင်းတလဲ(ပြန်တလိုင်)စာပေ သင်ကြားနိုင်ရန် လျာထား

လာမည့်နှစ် ကျောင်းချိန်၌ ယင်းတလဲ(ပြန်တလိုင်)စာပေ သင်ကြားနိုင်ရန် လျာထား
by -
မော်ဦးမြာ

၂၀၁၉ -၂၀ ပညာသင်နှစ်အရောက်တွင် ယင်းတလဲ(ပြန်တလိုင်)စာပေကို အစိုးရကျောင်းတွင် ထည့်သွင်းသင်ကြားနိုင်ရန် ကြိုးပမ်းနေသည်ဟု ယင်းတလဲစာပေနှင့် ယဉ်ကျေးမှုကော်မတီက ပြောသည်။

ကျောင်းစာသင်ချိန်အတွင်း သင်ကြားနိုင်ရေးသည် ကယားပြည်နယ်အတွင်းရှိ လူမျိုးစုများအနက် အရေအတွက် အနည်းဆုံးသာ ကျန်ရှိတော့သည့် ယင်းတလဲလူမျိုးစု၏ သမိုင်းနှင့် ရိုးရာယဉ်ကျေးမှုများကို စာပေဖြင့် ပြန်လည်ထိန်းသိမ်းဖေါ်ထုတ်ရန် ကြိုးပမ်းမှုတရပ်ဖြစ်သည်။

ကြယ်ဖိုးဗျည်းအက္ခရာအခြေခံထားသည့် ယင်းတလဲစာပေကို ၂၀၁၄-၁၅ ခုနှစ်မှာ စတင်ဖော်ထုတ်ခဲ့သည်။

ယင်းတလဲလူမျိုးရဲ့ လူမျိုးနဲ့ စာပေတွေ ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းမြှင့်တင်မှုကို ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ကာ ယင်းစာပေအား ထည့်သွင်းသင်ကြားနိုင်ရေးအတွက် ပြည်နယ်အစိုးရ၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တွေ့ဆုံညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့အပြီး စာသင်ကျောင်းတွင် ထည့်သွင်းသင်ကြားနိုင်ရေး အကောင်အထည်ပေါ်လာခဲ့သည်။

“အခက်အခဲကတော့ အများကြီးရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဆီမှာတော့ ငွေကြေးအရကော၊ ပညာရှင်တွေကော လူတွေမရှိဘူး။”ဟု ယင်းတလဲစာပေနှင့် ယဉ်ကျေးမှုကော်မတီ၏ အဖွဲ့ဝင်ဖြစ်သူ ခုဘရိုင်းက ပြောသည်။

လက်ရှိတွင် သင်းရိုးညွန်းတမ်းကို Grade 1 – 2 အထိ ရေးဆွဲပြဋ္ဌာန်းထားပြီး Grade 3 အထိ ဆက်လုပ်ရေးဆွဲထုတ်ဝေရန် စီစဉ်နေသည်ဟု ၎င်းက ပြောသည်။

ယင်းတလဲလူမျိုးစုသည် ကယား(ကရင်နီ) ပြည်နယ် ဘောလခဲမြို့နယ်အတွင်း အများဆုံးနေထိုင်ပြီး လူဦးရေ ၁,၅၀၀ ဝန်းကျင်သာ ကျန်ရှိသည်။

ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...