ရခိုင်တွင် ခရီးသည်တင်ကားတိမ်းမှောက်၍ ၄ ဦးသေ၊ ၃၃ ဦးဒဏ်ရာရ၊ ၁၁ ဦး အတွင်းလူနာအဖြစ် တင်ထားရ

ရခိုင်တွင် ခရီးသည်တင်ကားတိမ်းမှောက်၍ ၄ ဦးသေ၊ ၃၃ ဦးဒဏ်ရာရ၊ ၁၁ ဦး အတွင်းလူနာအဖြစ် တင်ထားရ
ဒဏ်ရာရရ၍ အမ်းဆေးရုံသို့ ရောက်လာသူ တစ်ဦး/ ဓာတ်ပုံ-ဖေ့စ်ဘုတ်
ဒဏ်ရာရရ၍ အမ်းဆေးရုံသို့ ရောက်လာသူ တစ်ဦး/ ဓာတ်ပုံ-ဖေ့စ်ဘုတ်

မတ်လ ၄ ရက်နေ့ ည ၁၁ နာရီ အချိန် ခရီးသည်ကား တစ်စီး အမ်းနှင့် မအီမြို့ ကြားတွင် တိမ်းမှောက်ရာမှ ၄ ဦးသေဆုံးပြီး ၃၄ ဦး ဒဏ်ရာ ရရှိကာ ၄င်းအထဲမှ ၁၁ ဦးကို အတွင်း လူနာ အဖြစ်တင်ထားရကြောင်း သတင်းရရှိသည်။

အမ်းမြို့နယ် မြို့နယ်ရဲမှူးက “ အခု လောလောဆယ် အတည်ပြုလိုရတာလက်ရှိ လေးယောက် သေတာကို အတည်ပြုနိုင်တယ်။ ၃၃ ဦးကိုတော့ အမ်းမြို့နယ်ဆေးရုံကို ပို့ထားပါတယ်။ အဲဒီအထဲက ၁၁ယောက်ကို အတွင်း လူနာ အဖြစ် တင်ထားရတယ်။ အဲဒီအထဲမှာ တစ်ယောက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိပါတယ်” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

၎င်းကားသည် သံတွဲ-တောင်ကုတ်-မအီ-အမ်း- စစ်တွေ ခရီးစဉ်ကို ပြေးဆွဲနေသည့်ကားဖြစ်ပြီး မအီမြို့နှင့် အမ်းမြို့အကြားတွင် ည ၁၀ နာရီ အကျော်တွင် တိမ်းမှောက်သွားခြင်း ဖြစ်ကြောင်း ရဲမှူးက ပြောဆိုသည်။

“ မအီကနေ မောင်လာပြီး အမ်းကနေ ၆ မိုင် ၁ ဖာလုံအကွာမှာ တောင်ကုန်းကို တက်ရာကနေ နောက်ပြန်လှိမ့်ကျပြီး တိမ်းမှောက်တယ်လို့ ယူဆရပါတယ်။ ချောက်ကတော့ ပေ ၂၀၀ အနက်ရှိတဲ့ ချောက်ထဲကို ထိုးကျသွားပါတယ်” ဟု မြို့နယ်ရဲမှူးက ပြောကြားသည်။

သေဆုံးသူများကို စစ်ဆေးနေတုန်းဖြစ်၍ အမည်နှင့် နေရပ်လိပ်စာများကို မပြောနိုင်သေးကြောင်း ပြောကြားသည်။

အဆိုပါ ကားမတော်တဆမှုကြောင့် ထိခိုက် ဒဏ်ရာရသူများနှင့် ပတ်သက်ပြီး အမ်းမြို့နယ် ဆေးရုံကြီးသို့ ဆက်သွယ်ရာ ဆေးရုံအုပ်ကြီး ဒေါက်တာ တင်အောင်ဝင်းက “ အလောင်းတွေကို ဒီနေ့မနက်က သွားယူနေတုန်းဖြစ်တဲ့ အတွက် ဆေးရုံကို မရောက်သေးဘူး။ လေးယောက်ဆုံးတယ်လို့ သိရပါတယ်။ ဒီကို ရောက်လာတဲ့ လူနာကတော အခုအချိန်ထိ ၃၄ ဦးရှိပါပြီ။ ဒီမှာ အခု ဆေးရုံမှာ ရှိနေပါတယ်” ဟု ပြောကြားသည်။

တိမ်းမှောက်သည့်ကားမှာ ရခိုင်အားမာန် ခရီးသည်တင်ကားဖြစ်ကြောင်း သိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...