UNFC အနာဂတ်အရေး ဆွေးနွေး

UNFC အနာဂတ်အရေး ဆွေးနွေး

ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ UNFC ၏ အနာဂတ်ရှေ့ဆက်နိုင်ရေးကိစ္စများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့(ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့) နံနက် ၉ နာရီ၌ UNFC ကောင်စီ အစည်းအဝေးတစ်ရပ် ကျင်းပနေသည်။

မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU အဖွဲ့ဝင်များ အစိုးရနှင့် NCA တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် လက်မှတ်ရေးထိုးပြီးနောက် UNFC အနေဖြင့် ဘယ်လိုဆက်လက်ရပ်တည်သွားမည် အခြေအနေများကို အဓိက ဆွေးနွေးသွားရန် ရှိသည်ဟု သိရသည်။

 

ယခုအစည်းအဝေးကို ၃ ရက်ကြာ ကျင်းပမည်ဖြစ်ပြီး UNFC အဖွဲ့ဝင်များဖြစ်သည့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP၊ ရခိုင်အမျိုးသားကောင်စီ ANC၊ မွန်ပြည်သစ်ပါတီ NMSP၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU မှ ခေါင်းဆောင်ကိုယ်စားလှယ်များအပါအဝင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP မှ ခေါင်းဆောင်တချို့လည်း ပါဝင်တက်ရောက်နေသည်။

September 19, 2026
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း ရွာစဉ်ပတ်၍ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်က ကျောက်ပြင်...
September 19, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်များကို စစ်အုပ်စုတပ်က ဆက်တိုက်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ အကျဉ်းထောင်တွင် အရေးပေါ် ဆေးကုသခွင့်တောင်းဆိုမှုကို...
September 17, 2026
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၌ စစ်အုပ်စုတပ်က အဓမ္မစစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ...