ဆားမှော် အနီး အစိုးရတပ်နှင့် KIA တိုက်ပွဲ ဖြစ်

ဆားမှော် အနီး အစိုးရတပ်နှင့် KIA တိုက်ပွဲ ဖြစ်
by -
ကေအဲန်ဂျီ
မြစ်ကြီးနား-မန္တလေး ရထားလမ်းပေါ်ရှိ ဆားမှော် ကျေးရွာအနီးတွင် စက်တင်ဘာလ မနက် ၄ နာရီခန့်တွင် မြန်မာအစိုးရ တပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း (၁၁) ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

တိုက်ပွဲသည် Sut Len Yang ရွာ Tsap Ba Bum တောင်မှာ ဖြစ်ပွားနေသည်ဟု ဒေသခံများ ကချင် သတင်း ဌာန KNG ကို ပြောပါသည်။

ယနေ့ နံနက်ပိုင်းကပဲ ကချင်ပြည်နယ် အရှေ့ဘက် KIA ဗဟိုဌာနချုပ် နယ်မြေ နှစ်နေရာမှာလည်း တိုက်ပွဲများ ဖြစ်ပွားနေပါသည်။

 မြစ်ကြီးနား-ဗန်းမော် ကားလမ်းမ KIA လှုပ်ရှားတပ်ဖွဲ့ တပ်ရင်း DND ၂၅၂ စခန်း Nhkram Bum တောင်တွင် အစိုးရ စစ်ကြောင်းများနှင့် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားနေသည်ဟု ရှေ့တန်းမှ KIA တပ်ဖွဲ့များ KNG ကို ပြောပါသည်။

 Laiza (လိုင်ဇာ) ဗဟိုဌာချုပ် အနီး Hpun Pyen Bum တောင်မှ အစိုးရတပ်များကလည်း အနီးရှိ KIA ၏ N'Gawk Gawk post (ကင်းမြီးကောက် စခန်း) ကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။

 ပြည်နယ်၏ အနောက်ဘက် မိုးကောင်း-ဖားကန့် လမ်းမှာလည်း အစိုးရတပ်များ စစ်ရေး လှုပ်ရှားမှုများ ရှိနေသည်ဟု ဒေသခံများ ပြောပါသည်။

လွန်ခဲ့သည့် အပတ်က အောက် မြန်မာပြည်မှ စစ်အင်အား အလုံးအရင်း ကို ကချင်ပြည်နယ်သို့ ရထား၊ သင်္ဘော များဖြင့် ပို့ဆောင်ခဲ့ပြီး ဆက်လက် ပို့ဆောင်နေဆဲ ဖြစ်သည်ဟု ဒေသခံ မျက်မြင် သက်သေများ နှင့် စစ်ရေး လေ့လာသူများ ဆိုပါသည်။

ယခု မြန်မာအစိုးရ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် အမေရိကန် နိုင်ငံ အလည်အပတ် ခရီး ရောက်နေစဉ် စစ်တပ် က KIA ကို ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပို ပြုလုပ်လာကြောင်း Laiza ဌာနချုပ်မှ KIA အရာရှိ များ သုံးသပ်ပြောဆိုနေကြသည်။

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...