ရခိုင်အမျိုးသားတစ်ဦး ထိုင်းနိုင်ငံမှ ပေးအပ်သည့် လူကုန်ကူးမှုတိုက်ဖျက်ရေး ဂုဏ်ပြုဆုရရှိ

ရခိုင်အမျိုးသားတစ်ဦး ထိုင်းနိုင်ငံမှ ပေးအပ်သည့် လူကုန်ကူးမှုတိုက်ဖျက်ရေး ဂုဏ်ပြုဆုရရှိ
by -
နိရဥ္စရာ
ထိုင်းနိုင်ငံတွင် လူကုန်ကူးမှု တိုက်ဖျက်ရေးကို တက်တက်ကြွကြွ ဆောင်ရွက်နေသာ ရခိုင်အမျိုးသား ဦးကျော်သောင်းသည်ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (DSI)မှ ချီးမြှင့်သော ဂုဏ်ပြုဆုကို ရရှိခဲ့ကြောင်း သတင်း ရရှိသည်။

breaking 1 3လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ဆောင်မှုအတွက် ထိုင်းနိုင်ငံ အထူး စုံစမ်းစစ်ဆေးရေးအဖွဲ့ (DSI)မှ ချီးမြှင့်သော ဆုကို အဖွဲ့အစည်း (၂၀)ခန့်အား ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ရာ ထိုအထဲတွင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံံသားများ အဖွဲ့ (MAT) ဒါရိုက်တာ ဦးကျော်သောင်းနှင့် မြန်မာသံရုံးတို့မှလည်း  ပါဝင်ကြောင်း သိရှိရသည်။

၎င်းဆုကို စက်တင်ဘာ ၁၄ ရက်နေ့တွင် ဘန်ကောက်မြို့ရှိ စင်ထရယ်ဟိုတယ်၌ အခမ်းအနားပြုလုပ်၍ ပေးအပ် ချီးမြှင့် ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် လူကုန်ကူးမှုများ လျော့နည်းလာရေးအတွက် ထိုင်းအစိုးရ၏ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့(DSI) နှင့် လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ဆောင်ငန်းများတွင် အတူပူးပေါင်း လုပ်ဆောင်ခဲ့သည့် အတွက် ၎င်းဂုဏ်ပြုဆုအား ချီးမြှင့်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

ဆုအနေဖြင့် ရွှေရင်ထိုးတစ်ခု၊ ဂုဏ်ပြုလွှာ တစ်ခု ရရှိခဲ့သော်လည်း နိုင်ငံရပ်ခြားတွင် ယခုကဲ့သို့ လူကုန်ကူးမှု တိုက်ဖျက်ရေး အတွက် ဆုရရှိသဖြင့် နိုင်ငံအတွက် ဂုဏ်ယူစရာ ဖြစ်ကြောင်း ဦးကျော်သောင်းက မီဒီယာများသို့ ပြောကြားသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...