၂ လအတွင်း မွန်ပြည်နယ်၌ ရထားနှင့်ကားတိုက်မှု ၅ ကြိမ်ဖြစ်ပွား

၂ လအတွင်း မွန်ပြည်နယ်၌ ရထားနှင့်ကားတိုက်မှု ၅ ကြိမ်ဖြစ်ပွား

ထားဝယ်မြို့မှ ရန်ကုန်သို့ ထွက်ခွာလာသောအမြန်ရထား DD 939 နှင့် သစ်တင်ကားတစ်စီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ညနေပိုင်းတွင် သံဖြူဇရပ်မြို့နယ် ဝယ်သွန်ချောင်ကျေးရွာအနီး တိုက်မိသဖြင့် ၂ လအတွင်း မွန်ပြည်နယ်၌ ရထားနှင့်ကားတိုက်မှု ၅ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ယခုတိုက်မှုတွင် လူအသေအပျောက် ထိခိုက်ဒဏ်ရာ မရရှိသော်လည်း မုဒုံမြို့နယ် ကွေ့ဝမ်းကျေးရွာ၌ ပြီးခဲ့သည့်သီတင်းပတ်က ဘုန်းကြီးမောင်းလာသည့်ကားနှင့် ရထား တိုက်မိ၍ ဘုန်းတော်ကြီးတစ်ပါး ပွဲချင်းပြီးပျံလွန်တော်မူသွားခဲ့သည့် ဖြစ်စဉ်တစ်ခု ရှိခဲ့သည်။

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ပေါင်မြို့နှင့် ကျွဲခြံဘူတာအကြား ၁ ကြိမ်၊ သံဖြူဇရပ်- ပင ဘူတာကြားနှင့် ပင- ကရုပ္ပိဘူတာကြား ၂ ကြိမ် ရထားနှင့်ကား မတော်တဆတိုက်မိခဲ့ရာတွင် လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ရထားလမ်းကို တရားမဝင်နေရာမှဖြတ်သန်းခြင်းကြောင့် ရထားနှင့်ကားတိုက်မှု ဖြစ်ပေါ်ကာ ပြည်သူများအသက်အန္တရာယ်နှင့်ကြုံတွေ့နေရကြောင်း မွန်ပြည်နယ်၊ ရထားပို့ဆောင်ရေး လက်ထောက်မန်နေဂျာ ဦးမောင်ဇော်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ဦးမောင်ဇော်က “ရထားဥပဒေသတ်မှတ်ချက်အရ တစ်မိုင်အတွင်းမှာ ဂိတ် ၂ ခုထားလို့မရတဲ့အတွက် ကျေးရွာတွေမှာရှိတဲ့ တရားမဝင် ဖြတ်လမ်းတွေမှာ တံခါးမထားတာပါ၊ ဒါပေမယ့် ပြည်သူတွေကို သတိပေးတဲ့အနေနဲ့  (ရပ်၊ ကြည့်၊ သွား) ဆိုင်းဘုတ်ကို တပ်ထားပေးတယ်” ဟု ဆိုသည်။

မွန်ပြည်နယ်အတွင်း တရားမဝင်ရထားလမ်းဖြတ်ကူးသည့် လမ်းနေရာ ၈၀ ကျော်ရှိသည့်အတွက် သတိထားပြီး ဖြတ်ကူးစေလိုကြောင်း၊ ပြည်သူများ၊ ယာဉ်များ ၊ စည်းကမ်းရှိစွာဖြတ်ကူးရန်၊ အန္တရာယ်ကင်းစေရန် မြန်မာ့မီးရထားနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနမှ အသိပညာပေးဟောပြောပွဲများပြုလုပ်ပြီး လက်ကမ်း စာစောင်များဖြန့်ဝေထားသည်။

January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...
January 16, 2026
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသူ...