ရာသီဥတုဖေါက်ပြန်၍ သီးနှံအထွက်နှုန်းလျော့ကျကာ ဟင်းသီးဟင်းရွက်စိုက် တောင်သူများ အရှုံးပေါ်

ရာသီဥတုဖေါက်ပြန်၍ သီးနှံအထွက်နှုန်းလျော့ကျကာ ဟင်းသီးဟင်းရွက်စိုက် တောင်သူများ အရှုံးပေါ်
by -
စိုးရယ်

ဇန်နဝါရီလအထိ မိုးရွာသွန်းမှုကြောင့် ဟင်းသီးဟင်းရွက် စိုက်ခင်းများ ပျက်စီးကာ သီးနှံအထွက်နှုန်းလျော့နည်းခဲ့သဖြင့်  ဒီးမော့ဆိုအရှေ့ပိုင်း တောင်သူများ အရှုံးပေါ်ခဲ့သည်။

တောင်သူစိုက်ပျိိုးသော ကြက်သွန်၊ အာလူး၊ ခရမ်းချဉ်သီး အစရှိသော ရာသီထွက်သီးနှံများ အထွက်နှုန်းကျဆင်းခဲ့ရာ  အမြတ်အစွန်းများမရှိဘဲ ရင်းနှီးငွေများ ဆုံးရှုံးနေခြင်းဖြစ်သည်။

အမြတ်အစွန်းများ လျော့နည်းသဖြင့် စိုက်ပျိုးစရိတ် ချေးငွေများ ပြန်လည် ပေးဆပ်ရန် အခက်ကြုံနေကြောင်း တောင်သူများက ပြောသည်။

“သား၊ သမီးတွေ ကျောင်းထားနိုင်ဖို့အတွက် သီးနှံစိုက်ပျိုးရေး လုပ်ပေးနေပါတယ် ။ တဖက်က  ကျွန်တော်တို့ စိုက်ပျိုးနေတဲ့ သီးနှံတွေက စျေးနှုန်း ပုံမှန် မရှိဘူး အဲဒါဟာ အဓိက  ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ပြဿနာ တစ်ခုပါပဲ။”ဟု ထီးဖိုးကလိုးကျေးရွာနေ ဦးပကူးက ပြောသည်။

ဒီးမော့ဆိုမြို့ အရှေ့ဘက်ခြမ်းရှိ တောင်သူများသည် ဒီဇင်ဘာလမှ မတ်လအတွင်း ကြက်သွန်ကို အဓိက စိုက်ပျိုးသည်။  

ထို့အပြင် ထွက်ရှိလာသည့် သီးနှံများ ရောင်ချချိန်တွင် စျေးကွက်၌ ဈေးကောင်းမရသည့်အပြင်  စိုက်ပျိုးရေး နည်းပညာအခက်အခဲများလည်း ကြုံနေရကြောင်း သိရသည်။

“ကျွန်မ ကြက်သွန်စိုက်ပါတယ်။ ဒါပေမဲ့ မကောင်းဘူး ။ ရာသီဥတုကြောင့် ဖြစ်လားမသိဘူး ကြက်သွန်တွေ သေကုန်တယ် ဖြူပြီးတော့ ခြောက်သွားတယ်ပေါ့နော် တဖက်ကလည်း ပိုးကျတယ် ။ ကျွန်မ အရမ်း စိတ်ဆင်းရဲတယ် ၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ မိသားစုအတွက်လည်း ဟုတ်တယ် သားသမီး ကျောင်းတက်ရဖို့အတွက်လည်း ဖြစ်တယ်။”ဟု ၎င်းက ဆိုသည်။

ကယားပြည်နယ်တွင် စပါးနှင့် ပြောင်းကို မိသားစု ဝမ်းစာဖူလုံရေးအတွက် စိုက်ပျိုးကာ ကျန်ရာသီချိန်တွင် အပိုဝင်ငွေအဖြစ်် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးသည်။

ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
ဓာတ်ပုံ - Kantarawaddy Times
September 18, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် စက်တင်ဘာလ ပထမပတ်မှစ၍ စစ်အုပ်စုတပ်၏ တိုက်...
ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...