Published
Friday, September 16, 2016
ဘူးသီးတောင်မြို့နယ် ဖောင်တောပြင်တွင် မီးလောင်၊ နေအိမ်တစ်လုံးနှင့် ဆရာ/ဆရာမနေအိမ် မီးထဲပါ
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဖေါင်တော်ပြင် ကျေးရွာတွင် ယနေ့ နံနက် ၁၀ နာရီခွဲက မီးလောင်မှု ဖြစ်ပွားရာ အိမ်တစ်လုံးနှင့် ဆရာ ဆရာမနေအိမ် အဆောင်တစ်လုံး မီးထဲပါသွားကြောင်း သတင်း ရရှိသည်။
“ ဟုတ်ပါတယ်။ ဖောင်တော်ပြင် ကျေးရွာက ဦးရော်ချီ (ဘ) အီချုပ် အိမ်က စလောင်ပါတယ်။ မီးပွား မီးစတွေကနေ ဆက်လောင်တို့ ကျေးရွာသားတွေ ဆောက်ပေးထားတဲ့ ဆရာ ဆရာမနေအိမ် အဆောင်လည်း မီးထဲပါသွားပါတယ်” ဟု ဘူးသီးတောင်မြို့နယ် ဒုမြို့နယ် အုပ်ချုပ်ရေးမှူးက နိရဥ္စရာသို့ ပြောသည်။
၎င်းအဆောင်မှာ သွပ်မိုး၊ ၀ါးထရံကာ၊ ပျဉ်ခင်း အဆောက်အဦးဖြစ်ကြောင်း သိရသည်။
“ နံနက် ၁၀ နာရီ ၄၅ မိနစ်မှာ မီးငြိမ်းသွားပါတယ်။ တည်ဆဲ ဥပဒေအရ အရေးယူသွားမှာပါ။ ပျက်စီးမှု တန်ဖိုး မသိရသေးဘူး။ လူအထိအခိုက် မရှိပါဘူး။ အခုတော့ မီးသတ်က သွားရောက်စစ်ဆေးနေပါတယ်” ဟု ဒုမြို့နယ် အုပ်ချုပ်ရေးမှူးက ဆက်လက် ပြောကြားသည်။







