ဘူးသီးတောင်မြို့နယ် ဖောင်တောပြင်တွင် မီးလောင်၊ နေအိမ်တစ်လုံးနှင့် ဆရာ/ဆရာမနေအိမ် မီးထဲပါ

ဘူးသီးတောင်မြို့နယ် ဖောင်တောပြင်တွင် မီးလောင်၊ နေအိမ်တစ်လုံးနှင့် ဆရာ/ဆရာမနေအိမ် မီးထဲပါ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဖေါင်တော်ပြင် ကျေးရွာတွင် ယနေ့ နံနက် ၁၀ နာရီခွဲက မီးလောင်မှု ဖြစ်ပွားရာ အိမ်တစ်လုံးနှင့် ဆရာ ဆရာမနေအိမ် အဆောင်တစ်လုံး မီးထဲပါသွားကြောင်း သတင်း ရရှိသည်။

“ ဟုတ်ပါတယ်။ ဖောင်တော်ပြင် ကျေးရွာက ဦးရော်ချီ (ဘ) အီချုပ် အိမ်က စလောင်ပါတယ်။  မီးပွား မီးစတွေကနေ ဆက်လောင်တို့ ကျေးရွာသားတွေ ဆောက်ပေးထားတဲ့ ဆရာ ဆရာမနေအိမ် အဆောင်လည်း မီးထဲပါသွားပါတယ်” ဟု ဘူးသီးတောင်မြို့နယ် ဒုမြို့နယ် အုပ်ချုပ်ရေးမှူးက နိရဥ္စရာသို့ ပြောသည်။

၎င်းအဆောင်မှာ သွပ်မိုး၊ ၀ါးထရံကာ၊ ပျဉ်ခင်း အဆောက်အဦးဖြစ်ကြောင်း သိရသည်။

“ နံနက် ၁၀ နာရီ ၄၅ မိနစ်မှာ မီးငြိမ်းသွားပါတယ်။ တည်ဆဲ ဥပဒေအရ အရေးယူသွားမှာပါ။ ပျက်စီးမှု တန်ဖိုး မသိရသေးဘူး။ လူအထိအခိုက် မရှိပါဘူး။ အခုတော့ မီးသတ်က သွားရောက်စစ်ဆေးနေပါတယ်” ဟု ဒုမြို့နယ် အုပ်ချုပ်ရေးမှူးက ဆက်လက် ပြောကြားသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...