မိဘ ဒေသပညာရတနာ “ဝါးခမောက်”

မိဘ ဒေသပညာရတနာ “ဝါးခမောက်”

ဒီခမောက်လေးတွေက ထီးပေါ်ဆိုရွာမှာ လုပ်တတ်လုပ်နိုင်တဲ့သူတွေ လက်ချိုးရေရင်တောင် ဆယ်ချောင်းမပြည့်တော့ပါဘူး။ ဒီပြင်ရွာတွေမှာလည်း ဒီလိုဘဲထင်ပါရဲ့ဗျာ။ ဒီဝါးခမောက်မှ မဟုတ်ပါဘူး။ ကျန်တဲ့ဒေသလက်မှုတွေဟာလည်း ပျောက်ကွယ်လုနည်းဖြစ်နေပါပြီလေ။

အမှတ်မထင်ဘဲ ညနေခင်းတစ်ခုမှာ မရောက်တာကြာတဲ့ အကို့အိမ်ကို သွားလည်ဖြစ်ခဲ့တယ်။ အဲဒီမှာ ဒီဝါးခမောက်လှလှလေးတွေ လုပ်နေတာကို မြင်ရတော့ စိတ်ဝင်စားပြီး မေးခွန်းတချို့ကို ​မေးကြည့်ခဲ့မိတယ်။

ဒီဝါးခမောက်လေးတွေက ဝါးခွံလေးတွေကို ကောက်ပြီး ရေစိမ်ရတယ်တဲ့။ ပြီးတော့ အပ်လေးနဲ့ခြစ်ကြောင်းပေးပြီး လိုချင်တဲ့အရွယ်အစားကို လိမ်ယူရတယ်။ပြီးတော့ ပုံသွင်းဖျာယူထားတဲ့ ဝါးကျောလေးတွေကို အပ်ချည်ကြိုးလေးနဲ့ ပြန်သီချုပ်ရတယ်။

ဒါတွေလုပ်ရင် တရက် ဘယ်နှစ်လုံးပြီးလည်းဆိုတော့ မပြောတတ်ဘူးတဲ့။ အားတဲ့ချိန်လေးတွေမှာ အားသလိုလုပ်တော့ တလဆို အလုံး ၁၀ ,၂၀ လောက်ဘဲရတယ်တဲ့။ ကျန်တဲ့ချိန်တွေမှာတော့ တောင်ယာ

လယ်လုပ်ပေါ့တဲ့။ တောင်​ယာလယ်လုပ်ချိန်ကုန်ရင် ပြန်လုပ်ဖြစ်တာပါပဲတဲ့။

ဒီလုပ်ထားတဲ့ခမောက်လေးတွေကို ဖရူဆိုစျေးမှာ အိမ်သူကသွားရောင်းတယ်တဲ့။ တစ်လုံးကို ၂၅၀၀ နဲ့ ၃၀၀၀ ကြား ရတယ်ပြောတယ်။ ကလေးမုန့်ဖိုးနဲ့ အိမ်စရိတ်တချို့တော့ ရတာပေါ့တဲ့။

ဒီခမောက်လေးတစ်လုံးမှာ အိမ်သူရဲ့လက်ရာပညာလေးလည်းပါတယ်ဗျ။ ခမောက်ထိပ်က ချည်ကြိုးထုံးလေးပေါ့။ သေချာကြည့်တော့ သေသပ်ပြီး လက်ရာလေးက လှတယ်ဗျာ။ ဒါဟာအနုပညာလက်ရာတစ်ခု၊အတတ်ပညာတစ်ခု၊ လက်ဆင့်ကမ်း သင်ယူရမဲ့ရိုးရာပညာတစ်ခုဆိုတာ သိစေချင်တယ်။

August 20, 2026
ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ လျှော့ချနိုင်ရေးအတွက် အမျိုးသမီးများအတွက် လိုအပ်သည့် အကူအညီများ...
(ဓာတ်ပုံ - Crd)
August 19, 2026
ကရင်နီပြည်တွင် သစ်တောပြုန်းတီးမှု ကာကွယ်လျှော့ချနိုင်ရန်အတွက် ထင်းမီးအစားထိုး လောင်စာတောင့်...
ဓာတ်ပုံ - Crd
August 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် Starlink ကုမ္ပဏီ၏ မူဝါဒပြောင်းလဲမှုများကြောင့်...
ဓာတ်ပုံ - Crd
August 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် Starlink ကုမ္ပဏီ၏ မူဝါဒပြောင်းလဲမှုများကြောင့်...