ကယားပြည်နယ်လွိုင်ကော်မြို့ နာရီစင်အနီးရှိ 'အ' သုံးလုံးနေရာတွင်ထားရှိမည့် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကို ထားရှိရန် အတည်ပြုလိုက်ပြီ

ကယားပြည်နယ်လွိုင်ကော်မြို့ နာရီစင်အနီးရှိ 'အ' သုံးလုံးနေရာတွင်ထားရှိမည့် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကို ထားရှိရန် အတည်ပြုလိုက်ပြီ
by -
မူအက်စတာ
ကယားပြည်နယ် အစိုးရရုံးအစည်းဝေးခန်းမမှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဆောက်လုပ်မယ့် ကိစ္စနဲ့ပါတ်သက်ပြီး အစည်းဝေးလုပ်နေကြစဉ်
ကယားပြည်နယ် အစိုးရရုံးအစည်းဝေးခန်းမမှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဆောက်လုပ်မယ့် ကိစ္စနဲ့ပါတ်သက်ပြီး အစည်းဝေးလုပ်နေကြစဉ်

ဘတ်ဂျက်ပေါင်း သိန်း(၆၀၀)ခြောက်ရာဖြင့် ကြေးရုပ်နှင့်သွန်းလုပ်မည့် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ် အာဇာနည်နေ့မတိုင်မှီ အပြီးဆောင်ရွက်မည်ဟု ဖေဖော်ဝါရီလ (၁)ရက်နေ့ ကယားပြည်နယ်အစိုးရရုံးတွင် ပြုလုပ်သည့် အစည်းအဝေးတွင် အတည်ပြုပြောဆိုလိုက်သည်။

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထားမည့်နေရာကို အာဇာနည်ကျောက်တိုင်နှင့် 'အ' သုံးလုံးနေရာတွင် ထားရှိရန် လျာထားကြသော်လည်း အစည်းအဝေးသို့တက်ရောက်လာသော ပုဂ္ဂိုလ်များ၏ သဘောထားများအရ အ သုံးလုံးနေရာကို ရွေးချယ်လိုက်ခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်သွန်းလုပ်နိုင်ရန်အတွက် အများပြည်သူများ ပါဝင်လှူဒါန်းနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ပြီး ကယားပြည်နယ်အစိုးရမှ ကြီးမှူးကျင်းပမည်ဖြစ်သောကြောင့် ငွေကြေးအတွက်ပူစရာမလိုကြောင်း ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အစည်းအဝေးတွင်ပြောကြားသွားသည်။

ကြေးဖြင့်သွန်းလုပ်မည့် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်ကို ရန်ကုန်မှ ကြေးသွန်းပညာရှင် အောင်ကျော်ထွန်းက သွန်းလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

အစည်းအဝေးသို့ လွိုင်ကော်မြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာမှတာဝန်ရှိသူများမှ တက်ရောက်ခဲ့ပါသည်။

ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
ဓာတ်ပုံ - Kantarawaddy Times
September 18, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် စက်တင်ဘာလ ပထမပတ်မှစ၍ စစ်အုပ်စုတပ်၏ တိုက်...
ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...