ဒု-သမ္မတ၏ ချင်းပြည်နယ် ခရီးစဉ်တွင် ဖလမ်းနှင့် ဟားခါး မြို့မိမြို့ဖများက အချက် ၁၂ ချက် တောင်းဆိုမည်

ဒု-သမ္မတ၏ ချင်းပြည်နယ် ခရီးစဉ်တွင် ဖလမ်းနှင့် ဟားခါး မြို့မိမြို့ဖများက အချက် ၁၂ ချက် တောင်းဆိုမည်

နိုင်ငံတော် ဒု-သမ္မတ၏ ချင်းပြည်နယ် ခရီးစဉ်တွင် ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်ပြီး ဖလမ်းမြို့မိမြို့ဖများမှ တောင်းဆိုချက် ၇ ချက်နှင့် ဟားခါးမြို့မိမြို့ဖများမှ အချက် ၅ ချက်တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရှီဗန်ထီးယူသည် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ချင်းပြည်နယ်သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှူမည်ဖြစ်ပြီး အဆိုပါခရီးစဉ်၌ ဖလမ်းနှင့် ဟားခါးမြို့မိမြို့ဖများမှ ယခုကဲ့သို့ တောင်းဆိုရန်စီစဉ်ခြင်းဖြစ်သည်။

ဖလမ်းမြို့မိမြို့ဖ Pu Hrang Lawm က“အဓိကကျွန်တော်တို့ ဖလမ်းမြို့အနေဖြင့် ရိဒ်-ဖလမ်းမြို့ကြားတန် ၆၀ ခံနိူင်မည့် တံတားလေးစင်း၊ ရိဒ်မြို့ကို မြို့နယ်ရရှိဖို့၊ ဝေဘူလမြို့ ရရှိဖို့၊ စတွမ်ရွာတွင် နယ်စပ်ကုန်သွယ်ရေး ထားရှိဖို့၊ Letlet မှ Kabani လမ်းမကြီးကို ပြည်ထောင်စု လမ်းမကြီးအဖြစ် သတ်မှတ်ပေးဖို့၊ Tibual ရွာတွင် ရုပ်သံလိုင်း ထုတ်လွှင့်စက်ရုံထားပေးဖို့ နဲ့ဗားတံတားကို ပေ ၁၂၀၀ အမြင့် အသစ်တည်ဆောက််ပေးဖို့ တောင်းဆိုသွားမယ်” ဟု ပြောသည်။

ဟားခါးမြို့မိမြို့ဖ Pu Hrang Vung က“ဟားခါးမြို့အတွက်ကတော့ အား/ကာသိပ္ပံကျောင်း တောင်းဆိုဖို့၊ ဆေးရုံလူနာအိပ်ဆောင် နဲ့ အထူးကု ဆရာဝန်ထားပေးဖို့၊ နည်းပညာကောလိပ် မြေနေရာနဲ့သားဖွားဆရာမသင်တန်းကျောင်း နေရာတို့ကို တောင်းဆိုသွားမည်”ဟု ပြောသည်။

ထို့ပြင် ယခုခရီးစဉ်တွင် ချင်းပြည်နယ် အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှုကို စစ်ဆေးသွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် လွှတ်တော်ဥက္ကဌ Pu Zo Bawi ကပြောသည်။

ချင်းပြည်နယ် လွှတ်တော်ဥက္ကဌ Pu Zo Bawi က “အဓိကတော့ ချင်းပြည်နယ် အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှု ဘယ်လောက်ပြီးစီးမှုရှိလဲဆိုတာလည်းလာကြည့်မယ်။ လမ်းပြုပြင်မှုတွေကိုလည်း လာရောက်စစ်ဆေးမယ်” ဟု ပြောသည်။

နိုင်ငံတော် ဒုသမ္မတ ချင်းပြည်နယ် ဒုတိယအကြိမ် ခရီးစဉ်တွင် ကလေး၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်မြို့နယ်၊ နှာရိန်း၊ ရေဇွာ၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက် တို့ကို သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...