ဟားခါးမြို့ ရေပေးဝေမှု အားနည်းချက်များရှိနေသေး

ဟားခါးမြို့ ရေပေးဝေမှု အားနည်းချက်များရှိနေသေး

ချင်းပြည်နယ်၊ ဟားခါးမြို့တွင်း သီမြစ်ချောင်းမှ ရေပေးဝေမှုတွင် အားနည်းချက်များရှိနေသေးကြောင်း  ချင်းပြည်နယ်စည်ပင် သာယာ ရေးညွှန်ကြားရေးမှုး ဦးထလာဟရဲ ကပြောသည်။

ဦးထလာဟဲက “အချို့နေရာကတော့ အားနည်းချက်ရှိတာပေါ့၊ ရေလှောင်ကန် ၁၇ ကန်လုံးပြည့်အောင် ရေတင်ဖို့က ၃ ရက်လောက် ကျွှန်တော်တို့ အချိန်ကြာတယ်၊ ပြီးတော့ မြို့တွင်းအကုန်လုံး လျှပ်စစ် မီးသုံးလိုက်ရင် မီးအားကမနိူင်တော့ ရေတင်လို့မရဘူး၊ မီးသိပ်မသုံးတဲ့ချိန် မနက် ၁၀ နာရီကနေ ညနေ ၄ နာရီကြားလောက်မှာပဲ မော်တာလည်နိုင်တယ်၊ ပြီးတော့ ရေမှာပါလာတဲ့ နှုန်းရေကတော့ ကျွှန်တော်တို့ ပုံမှန်ရေတင်နိုင်ရင်တော့ သက်သာသွားမယ်” ဟု ပြောသည်။

ဟားခါးမြို့တွင်းသို့ သီမြစ်ချောင်းရေမှ ရေတင်ရာတွင် မြို့သို့အရောက် အဆင့်သုံးဆင့်ဖြင့် ရေတင်ခြင်းဖြစ်သည်။

ဟားခါးမြို့တွင်း ရေပေးဝေမှုအတွက် မြို့တွင်း၌ ရေလှောင်ကန် ၁၇ နေရာ တည်ဆောက်ထားပြီး၊ တစ်ချို့ကန်များမှ ရေများမှာ နူန်းရေ နှင့် သံချေးတက်သည့် ရေများ တစ်ခါတစ်ရံ ပါလာတတ်ကြောင်း ဟားခါးဒေသခံများကပြောသည်။

ဟားခါးဒေသခံ ဒေါ်မောနီကားက “ဘာပဲဖြစ်ဖြစ် ဒီရေရလာတော့ အများကြီး သက်သာတာပေါ့။ အရင်က ဆိုရင် ရေကို ဝယ်ပြီး သုံးနေရတယ်။ ရေက တစ်ခါတစ်ခါကျရင် နှုန်းရေနဲ့ သံချေးတက်တဲ့ရေတွေ ပါပါလာတတ်တယ်” ဟုပြောသည်။

ဟားခါးမြို့တွင်း ရေပေးဝေမှု စီမံကိန်းကို ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့ပြီး ရေပေးဝေမှုကို မီတာစနစ်ဖြင့် ပေးဝေသွားမည်ဖြစ်သည့်အတွက် ယခု တပ်ဆင်လျက်ရှိကြောင်းသိရသည်။

Most read this week

September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...