လွိုင်ကော်တွင် မြေ၊ မျိုးစေ့၊ သီးနှံအရည်အသွေး ဓါတ်ခွဲခြင်း ပြုလုပ်နိုင်ပြီ

လွိုင်ကော်တွင် မြေ၊ မျိုးစေ့၊ သီးနှံအရည်အသွေး ဓါတ်ခွဲခြင်း ပြုလုပ်နိုင်ပြီ
by -
လင်းသန့်

တောင်သူများ၏ စိုက်ပျိုးရေးတွင် လုပ်ဆောင်ရမည့် အဆင့်တိုင်းတွင် လိုအပ်သည့် မြေ၊ မျိုးစေ့၊ သီးနှံအရည်အသွေးများကို စမ်းသပ်တိုင်းတာနိုင်မည့် စိုက်ပျိုးရေးဆိုင်ရာဓါတ်ခွဲခန်းကို ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဖွင့်လှစ်လိုက်ပြီဖြစ်ကာ အခကြေးငွေ အနည်းငယ်ဖြင့် လာရောက်စမ်းသပ်တိုင်းတာနိုင်ပြီဖြစ်သည်။

စိုက်ပျိုးရေးဆိုင်ရာ မျိုးစေ့အရည်အသွေး စစ်ဆေးခန်း၊ မြေအသုံးချဓါတ်ခွဲခန်း၊ သီးနှံကာကွယ်ရေးဓါတ်ခွဲခန်းများပါဝင်သော ဓါတ်ခွဲခန်းကို ဇန်နဝါရီ ၂၃ ရက်နေ့က လွိုင်ကော်မြို့ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ကယားပြည်နယ်အတွင်းရှိ တောင်သူများ၏ သီးနှံစိုက်ပျိုးထုတ်လုပ်ရေးအဆင့်တိုင်းဖြစ်သော မြေယာပြုပြင် စိုက်ပျိုးချိန်မှ ခူးဆွတ်၊ ရိတ်သိမ်း၊ သိုလှောင်သည်အထိ ပိုးမွှားရောဂါကျရောက်မှုကို ကြိုတင်ကာကွယ်နှိမ်နင်းနိုင်ရေးနှင့် မျိုးစေ့များ၏ အဆင့်အတန်း၊ အရည်အချင်းများနှင့် မျိုးစေ့သန့်စင်မှု ရှိ / မရှိကို သိရှိနိုင်စေရန်နှင့် မြေဆီလွှာနှင့် သီးနှံအတွက် လိုအပ်သည့် အဟာရဓါတ်မျာကို အဆိုပါ ဓါတ်ခွဲခန်းတွင် စမ်းသပ်နိုင်မည်ဖြစ်သည်။

ထို့အပြင် သီးနှံထုတ်လုပ်မှုတွင် စီးပွားရေး တွက်ချေကိုက်သည့် အမြင့်ဆုံးအထွက်နှုန်းကို ရရှိစေရန် အပင်အတွက်လိုအပ်သော မြေဆီလွှာအဟာရဓါတ်များနှင့် အပင်အတွက်လိုအပ်သော အဟာရဓါတ် ပမာဏများကို သိရှိစေရန်အတွက်လည်း ဓါတ်ခွဲနိုင်မည်ဖြစ်သည်။

စိုက်ပျိုးရေးဦးစီးဌာန၏ စိုက်ပျိုးရေးဆိုင်ရာ ဓါတ်ခွဲခန်းအား လာရောက်စစ်ဆေးနိုင်သည့် လုပ်ငန်းများမှာ မျိုးစေ့ထုတ် တောင်သူများထံမှ မျိုးစေ့နမူနာများရယူပြီး အရည်အသွေး စံချိန်စံညွှန်း ကိုက်ညီမှု ရှိ/မရှိ စေဆေးဆောင်ရွက်ခြင်း ( အစိုဓါတ်တိုင်းတာခြင်း၊ မျိုးစေ့သန့်စင်မှု စစ်ဆေးခြင်း၊ အပင်ပေါက် စမ်းသပ်ခြင်း၊ ပေါင်းစေ့ပါဝင်မှု အရေအတွက် စစ်ဆေးခြင်း၊ ဆန်နီစေ့ပါဝင်မှု အရေအတွက် စစ်ဆေးခြင်း)များ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ထို့အပြင် မြေဆီလွှာစစ်ဆေးခြင်းအနေဖြင့် မြေအတွင်းရှိ အစိုဓါတ်၊ မြေ၏ ချဉ်/ငံ ကိန်း၊ မြေတွင်ဆားပျော်ဝင်မှုများအား (၁)မျိုးလျှင် (၁၅၀၀)နှုန်းဖြင့်လည်းကောင်း၊ သဘာဝ မြေဆွေးပါဝင်မှု၊ ဖော့စဖရပ်ဓါတ်ပါဝင်မှု၊ ပိုတက်ဆီယမ်ဓါတ်ပါဝင်မှု၊ အလူမီနီယမ်ဓါတ်ပါဝင်မှု၊ နိုက်ထရိုဂျင်ဓါတ်ပါဝင်မှု၊ ဆိုဒီယမ်ဓါတ်ပါဝင်မှုများအား (၃၀၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်ဓါတ် ပါဝင်မှုအား (၆၀၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း စစ်ဆေးဆောင်ရွက်ပေးမည်ဟု သိရသည်။

ထို့အပြင် မြေသြဇာ အမျိုးအစားပေါင်း (၁၂) မျိုးကိုလည်း ဓါတ်ခွဲစမ်းသပ်နိုင်မည်ဖြစ်ကြောင်း ကယားပြည်နယ်အစိုးရက ဇန်နဝါရီ ၂၃ ရက်နေ့က သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

 

ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
ဓာတ်ပုံ - Kantarawaddy Times
September 18, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် စက်တင်ဘာလ ပထမပတ်မှစ၍ စစ်အုပ်စုတပ်၏ တိုက်...
ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...