အသုံးမပြုသည့် ဘိုးဘွားပိုင်နယ်မြေအား အစိုးရလုပ်ငန်းအတွက်ပေးသင့်ဟု စည်ပင်ညွှန်မှူးဆို

အသုံးမပြုသည့် ဘိုးဘွားပိုင်နယ်မြေအား အစိုးရလုပ်ငန်းအတွက်ပေးသင့်ဟု စည်ပင်ညွှန်မှူးဆို

ဘိုးဘွားပိုင်မြေအပေါ် လုပ်ငန်းလုပ်ကိုင်မှုမရှိလျှင် အစိုးရ၏ လုပ်ငန်းအတွက် ပေးသင့်သည်ဟု ချင်းပြည်နယ် စည်ပင်ညွှန်ကြားရေးမှူး ဦးထလာဟရဲကပြောသည်။

ဦးထလာဟရဲက အချို့ ဘိုးဘွားပိုင်နယ်မြေပိုင်ဆိုင်သူများအနေဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် နားလည်မှုရှိပြီး အစိုးရ၏ လုပ်ငန်းများအတွက် နယ်မြေပေးမှုများရှိသကဲ့သို့ ထိုသို့ နားလည်မှုရှိသူများအပေါ်လည်း ကျေးဇူးတင်ကြောင်းပြောသည်။

ဦးထလာဟရဲက “ကျွန်တော်တို့ ချင်းပြည်နယ်မြို့တော်အနေနဲ့လည်း တိုးတက်ဖို့အစပျိုးနေတယ်ဆိုတာကို  တစ်ချို့ဘိုးဘွားပိုင််နယ်မြေပိုင်ဆိုင်တဲ့သူတွေက သိတယ်။ နားလည်ကြတယ်။ သူတို့က တော့လိုအပ်ရင် သုံးဖို့ဆိုတာမျိုးပြောကြပါတယ်။ ကျွန်တော့်အမြင်ကတော့ ဘိုးဘွားပိုင်နယ်မြေရှိတယ်ဆိုတာ ထောက်ခံတယ်။ ဒါပေမယ့် ပါးစပ်နဲ့ပဲပြောပြီး အဲဒီမြေနေရာမှာ ဘာမှမလုပ်ဘူးဆိုရင် အစိုးရအနေနဲ့ အဲဒီမြေကို အသုံးပြုသင့်တယ်လို့ထင်ပါတယ်” ဟုပြောသည်။

လက်ရှိအချိန်တွင် အစိုးရမှ မြို့ပြစီမံကိန်းများ တိုးချဲ့မှုအပေါ် ဒေသခံ ဘိုးဘွားပိုင်နယ်မြေပိုင်ဆိုင်သူများနှင့် ပြသနာအချို့ဖြစ်ထွန်းခြင်းကြောင့် ဆန္ဒထုတ်ဖော်မှုများလည်းရှိခဲ့သည်။

Most read this week

September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...