အစိုးရတပ်မှ KIA စခန်းကို လက်နက်ကြီး ဖြင့် ပစ်ခတ်

အစိုးရတပ်မှ KIA စခန်းကို လက်နက်ကြီး ဖြင့် ပစ်ခတ်
by -
ကေအဲန်ဂျီ
ကချင် ပြည်နယ် အရှေ့ဘက် ကချင် လွတ်လပ်ရေး အဖွဲ့ KIO ဗဟိုဌာနချုပ် နယ်မြေအနီး တပ်စခန်းများကို အစိုးရ တပ်မတော် ဘက်မှ ယနေ့မနက် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရပါသည်။

မြစ်ကြီးနား-ဗန်းမော် ကားလမ်းမ အရှေ့ဘက် ကချင် လွတ်လပ်ရေး တပ်မတော် KIA လှုပ်ရှားတပ်ရင်း တပ်ဖွဲ့ DND ၂၅၂ ၏ Nhkram Bum စခန်း ကို ယနေ့ မနက် ၉ နာရီခန့်တွင် အစိုးရတပ် လက်နက်ကြီး ပစ်ခတ်ခဲ့သည်ဟု လိုင်ဇာ ဗဟိုဌာနချုပ် KIO သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူ ဒုဗိုလ်မှုးကြီး နော်ဘူ က ပြောသည်။

“ကျနော်တို့ လှုပ်ရှားတပ်ရင်း တွေရဲ့ နေရာကို အစိုးရတပ်က ၈၈ မမ လက်နက်ကြီး နဲ့ ပစ်တယ်။ အသေးစိတ်တော့ မသိရသေးဘူး။ သတင်းအပြည့်အစုံတော့ မရသေးဘူး။ မနက် ၁၀ နာရီ အထိ လက်နက်ကြီးနဲ့ အပစ်ခံရတယ် ဆိုတာတော့ ရပြီ။ အစိုးရဘယ် တပ်ရင်းလဲ မသိရသေးပါဘူး။”

KIA 1301

ယခု လက်နက်ကြီး ပစ်ခတ်ခဲ့သည့် KIA လှုပ်ရှားတပ်ဖွဲ့ တပ်ရင်း DND ၂၅၂ စခန်း များကို သြဂုတ်လ ၂၃ ရက်နေ့က အစိုးရတပ်မှ ရုရှား Mi-35 အမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီးနှင့် လာရောက် တိုက်ခို်က်ခဲ့သည့် နေရာလည်း ဖြစ်ပါသည်။

ဟူးကောင်းချိုင့်ဝှမ်းဒေသ KIA တပ်ရင်း ၁၄ နယ်မြေ၊ မြစ်ကြီးနား-ကန်ပိုင်တီ လမ်း KIA တပ်ရင်း ၃ နယ်မြေ ငွားလေး စခန်း နှင့် KIO ဗဟို ဌာနချုပ် နယ်မြေ Nhkram Bum စသည့် ၃ နေရာတွင် အစိုးရတပ်မှ စစ်အင်အား အဆမတန် ပို့ဆောင်ထားသည့် အတွက် အချိန်မရွေး တိုက်ပွဲ ကြီး ဖြစ်ပွားနိုင်သည်ဟု ဒုဗိုလ်မှုးကြီး နော်ဘူ က ကချင် သတင်း ဌာန KNG ကို ပြောပါသည်။

၂၁ ရာစု ပင်လုံ ညီလာခံ ကို တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် NCA လက်မှတ်ထိုးပြီးမှသာ ပါဝင် ဆွေးနွေးရမည်ဟု အစိုးရဘက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ညီလာခံ မိန့်ခွန်းမှာ ပြောကြားခဲ့သည်။

January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...