အစိုးရတပ်မှ KIA စခန်းကို လက်နက်ကြီး ဖြင့် ပစ်ခတ်

အစိုးရတပ်မှ KIA စခန်းကို လက်နက်ကြီး ဖြင့် ပစ်ခတ်
by -
ကေအဲန်ဂျီ
ကချင် ပြည်နယ် အရှေ့ဘက် ကချင် လွတ်လပ်ရေး အဖွဲ့ KIO ဗဟိုဌာနချုပ် နယ်မြေအနီး တပ်စခန်းများကို အစိုးရ တပ်မတော် ဘက်မှ ယနေ့မနက် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရပါသည်။

မြစ်ကြီးနား-ဗန်းမော် ကားလမ်းမ အရှေ့ဘက် ကချင် လွတ်လပ်ရေး တပ်မတော် KIA လှုပ်ရှားတပ်ရင်း တပ်ဖွဲ့ DND ၂၅၂ ၏ Nhkram Bum စခန်း ကို ယနေ့ မနက် ၉ နာရီခန့်တွင် အစိုးရတပ် လက်နက်ကြီး ပစ်ခတ်ခဲ့သည်ဟု လိုင်ဇာ ဗဟိုဌာနချုပ် KIO သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူ ဒုဗိုလ်မှုးကြီး နော်ဘူ က ပြောသည်။

“ကျနော်တို့ လှုပ်ရှားတပ်ရင်း တွေရဲ့ နေရာကို အစိုးရတပ်က ၈၈ မမ လက်နက်ကြီး နဲ့ ပစ်တယ်။ အသေးစိတ်တော့ မသိရသေးဘူး။ သတင်းအပြည့်အစုံတော့ မရသေးဘူး။ မနက် ၁၀ နာရီ အထိ လက်နက်ကြီးနဲ့ အပစ်ခံရတယ် ဆိုတာတော့ ရပြီ။ အစိုးရဘယ် တပ်ရင်းလဲ မသိရသေးပါဘူး။”

KIA 1301

ယခု လက်နက်ကြီး ပစ်ခတ်ခဲ့သည့် KIA လှုပ်ရှားတပ်ဖွဲ့ တပ်ရင်း DND ၂၅၂ စခန်း များကို သြဂုတ်လ ၂၃ ရက်နေ့က အစိုးရတပ်မှ ရုရှား Mi-35 အမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီးနှင့် လာရောက် တိုက်ခို်က်ခဲ့သည့် နေရာလည်း ဖြစ်ပါသည်။

ဟူးကောင်းချိုင့်ဝှမ်းဒေသ KIA တပ်ရင်း ၁၄ နယ်မြေ၊ မြစ်ကြီးနား-ကန်ပိုင်တီ လမ်း KIA တပ်ရင်း ၃ နယ်မြေ ငွားလေး စခန်း နှင့် KIO ဗဟို ဌာနချုပ် နယ်မြေ Nhkram Bum စသည့် ၃ နေရာတွင် အစိုးရတပ်မှ စစ်အင်အား အဆမတန် ပို့ဆောင်ထားသည့် အတွက် အချိန်မရွေး တိုက်ပွဲ ကြီး ဖြစ်ပွားနိုင်သည်ဟု ဒုဗိုလ်မှုးကြီး နော်ဘူ က ကချင် သတင်း ဌာန KNG ကို ပြောပါသည်။

၂၁ ရာစု ပင်လုံ ညီလာခံ ကို တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် NCA လက်မှတ်ထိုးပြီးမှသာ ပါဝင် ဆွေးနွေးရမည်ဟု အစိုးရဘက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ညီလာခံ မိန့်ခွန်းမှာ ပြောကြားခဲ့သည်။

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...