CNDJC မှ ချင်းနိုင်ငံရေးပါတီများ နှုတ်ထွက်

CNDJC မှ ချင်းနိုင်ငံရေးပါတီများ နှုတ်ထွက်

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲ ဦးဆောင်ကော်မတီ UPDJC  မှ အနိူင်မရသည့်ပါတီများဦးဆောင်ခွင့်နှင့် ဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်ခွင့်မရှိဟု ကန့်သတ်ထားသောကြောင့် ချင်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ပူးတွဲကော်မတီ (CNDJC) မှ နှုတ်ထွက်ကြောင်း ထုတ်ပြန်ခဲ့သည်။

“ ဒီကိစ္စက ချင်းအမျိုးသားတပ်ဦးနဲ့မဆိုင်ဘူး။ UPDJC က အနိုင်မရတဲ့ပါတီကို ပါဝင်ဦးဆောင်ခွင့် မပေးတဲ့အပေါ် မမှန်ဘူးလို့ ယူဆလို့ ကျွန်တော်တို့ CNDJC ကနေနှုတ်ထွက်တာ ဖြစ်တယ်၊ CNDJC နာမည်နဲ့လည်း  ပင်လုံညီလာခံကိုလည်း တတ်မှာ မဟုတ်ဘူး” ဟု ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီအတွင်းရေးမှုး ဆလိုင်းငယ်ပီး ကပြောသည်။

ချင်းနိူင်ငံရေးပါတီများ ဖြစ်ကြသော ACNP, ENDP, KNP, CLD, CPP, ZNRDP နှင့် CNDP တို့သည် ဇန်နဝါရီ ယခုလ ၁၃ ရက်နေ့တွင် ချင်းအေဂျင်စီရုံးတွင် တွေ့ဆုံခဲ့ကြပြီး ယခုကဲ့သို့ ဆွေးနွေးဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

CNDJC ၏ Co-Ordinator Pu Sanag Hlei Mang က “ UPDJC / EAOs နဲ့  အနိုင်ရပါတီက အမျိုးသားအဆင့် နိူင်ငံရေးဆွေးနွေးပွဲကို ဦးဆောင်ဖို့ သူတို့မူရှိတယ်။  ကျွန်တော်တို့ သွားတက်ရင်လည်း စောင့်ကြည့်လေ့လာသူအနေနဲ့ပဲ ပါဝင်ခွင့်ရတယ်၊ ဒါကြောင့် ကျွန်တော်တို့ ချင်းပါတီတွေက နှုတ်ထွက်တော့မယ် ဆိုပြီး အခုလို CNDJC ကနေနှုတ်ထွက်တာ ဖြစ်တယ်” ဟု ပြောသည်။

ချင်းနိူင်ငံရေးပါတီများသည်် အမျိုးသားအဆင့်နိူင်ငံရေး ဆွေးနွေးပွဲတွင် ဦးဆောင်သူအနေဖြင့် ပါဝင်ခွင့်မရှိသော်လည်း စောင့်ကြည့်သူအနေဖြင့် ပါဝင်ခွင့်ကို ပိတ်ပြင်ထားခြင်း မရှိကြောင်း သိရသည်။

May 6, 2026
ဖလမ်းမြို့နဲ့ ဖလမ်းမြို့နယ်အတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်ဖို့ ...
May 5, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ အာလွယ်ရွာအနီးနှင့် လေထန်ကုန်း (ခေါ်)...
May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...