၂၁ ပင်လုံသို့ လူထုသဘောထားများ သယ်ဆောင်နိုင်ရန် လူထုတွေ့ဆုံဆွေးနွေးပွဲ CNF မှကလေးမြို့တွင်ပြုလုပ်

၂၁ ပင်လုံသို့ လူထုသဘောထားများ သယ်ဆောင်နိုင်ရန် လူထုတွေ့ဆုံဆွေးနွေးပွဲ CNF မှကလေးမြို့တွင်ပြုလုပ်

(၃) ကြိမ်မြောက် ၂၁ ပင်လုံညီလာခံသို့ ချင်းလူထုသဘောထားများသယ်ဆောင်နိုင်ရန်အတွက် ချင်းအမျိုးသားတပ်ဦး (CNF) မှ လူထုတွေ့ဆုံပွဲများ ပြုလုပ်လျက်ရှိပြီး ဇန်နဝါရီ ၁၃ ရက်နေ့တွင် ကလေးမြို့ COTR ဘုရားကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

“ အခု ကျွန်တော်တို့ လူထုတွေ့ဆုံပွဲကနေ ရလာတဲ့ လူထုသဘောထားတွေကို မကြာခင်ကျင်းပမယ့် ပင်လုံညီလာခံမှာ သယ်သွားဖို့ဖြစ်တယ်။ ဒီထဲမှာ ကျတော်တို့ ကဏ္ဍ ၄ ခုခွဲပြီးဆွေးနွေးတယ်၊ ဒီ ကဏ္ဍ ၄ ခုကို ပြန်ဆုပြီးယူသွားမယ်၊ နိုင်ငံရေး ကဏ္ဍ၊ စီးပွားရေး ကဏ္ဍ၊ လူမှုရေး ကဏ္ဍ၊ သဘာဝနဲ့ သယံဇာတကဏ္ဍ တို့ကို အဓိက ဆွေးနွေးကြတာဖြစ်တယ်”ဟု ချင်းအမျိုးသား တပ်ဦး Regional Committee ဥက္ကဌ Pu Chan Lian ကပြောသည်။

အဆိုပါကလေးမြို့လူထုတွေ့ဆုံပွဲ၌ ချင်းမျိုးနွယ်စုအားလုံးကို ဖိတ်ထားပြီး စုစုပေါင်း ၁၅၀ ဝန်းကျင်တက်ရောက်ခဲ့ကြသည်။

ချင်းအမျိုးသားတပ်ဦးအနေဖြင့် လူထုတွေ့ဆုံပွဲကို ဟားခါး၊ ပြည်၊ တီးတိန်၊ ဖလမ်း၊ မတူပီ၊ ထန်တလန်တို့တွင် ကျင်းပခဲ့ပြီဖြစ်ပြီး ဆက်လက်ကျင်းပရန်စီစဉ်သည့် မင်းတပ်၊ ကန်ပက်လက်နှင့် ပလက်ဝမြို့တို့တွင် ကျင်းပရန် ပိတ်ပင်ခံခဲ့ရသော်လည်း မင်းတပ်မြို့တွင် ကျင်းပခွင့်ပြန်လည်ရရှိခဲ့သည်။

 

Most read this week

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...