(၇၇) နှစ်မြောက်ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား မွန်ပြည်နယ် သထုံတွင် ပထမဆုံးအကြိမ်ကျင်းပ

(၇၇) နှစ်မြောက်ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား မွန်ပြည်နယ် သထုံတွင် ပထမဆုံးအကြိမ်ကျင်းပ
by -
နိရဥ္စရာ
စက်တင်ဘာလ ၉ ရက်နေ့တွင် ကျရောက်သည့် (၇၇) နှစ်မြောက် မြန်မာ့ လွတ်လပ်ရေးမီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို မွန်ပြည်နယ် သထုံမြို့တွင် ပထမဆုံး အကြိမ် အဖြစ် ကျင်းပခဲ့ကြောင်း သတင်း ရရှိသည်။

အခမ်းအနားအား ရခိုင်မင်္ဂလာစည်တော်တီးပြီး ဖွင့်လှစ်ခဲ့သည်။

၎င်းနောက်ပိုင်း ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင် မှ သီရိမေတ္တာမွန် အသင်း ထံပေးပို့သော ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ရခိုင်သာရေး နာရေးအသင်း ဒုဥက္ကဌမှ ဖတ်ကြားကြောင်း၊ ၎င်းနောက် ဟိတကာရီဆရာတော်မှ ဦးဥတ္တမနေ့ အကြောင်း ဟောပြောကြောင်း၊ ဆုပေးပွဲများ ပြုလုပ်ကြောင်၊ ဦးကျော်ကျော်မှ ဦးဥတ္တမနေ့အကြောင်း ကို ဟောပြောခဲ့ကြောင်း သိရသည်။

njr1201

သီရိမေတ္တာမွန် ပရဟိတ ဂေဟအသင်း ဥက္ကဋ္ဌ ကိုဉာဏ်ထက်လင်းမှ ကျေးဇူးတင် စကား ပြောကြားခဲ့သည်။

သီရိမေတ္တာမွန် ပရဟိတ ဂေဟအသင်း ဥက္ကဋ္ဌ ကိုဉာဏ်ထက်လင်းက “ ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို တိုင်းရင်းသား အဖွဲ့အစည်းတွေ လည်း တက်ရောက်ပါတယ်။ ကရင်စာပေနဲ့ ယဉ်ကျေးမှု အဖွဲ့၊ ပအိုဝ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့၊ မွန်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ တို့တက်ရောက်ကြပါတယ်” ဟု ပြောသည်။

၎င်းအပြင် အရပ်ဘက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပြန်ကြားရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရေးမှူးများ နှင့် မီဒီယာအချို့လည်းတက်ရောက်ခဲ့ကြောင်း သိရသည်။

njr1202

ဆရာတော် ဦးဥတ္တမနေ့ ခမ်းအနားတွင် သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်နှင့် စာအုပ်ပွဲတော်များဖြင့် ကူညီ ပါဝင်ခဲ့ကြောင်း သိရသည်။

သထုံမြို့တွင် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ကျင်းပပြု လုပ်နိုင်ခဲ့သဖြင့် ဆရာတော် ဦးဥတ္တမ၏ ပြည်ထောင်စုသား တိုင်းရင်းသားများ အားလုံး အတွက် ဗြိတိသျှ နယ်ချဲ့ လက်အောက်က လွတ်မြောက်ရေး အတွက် အနစ်နာခံ ကြိုးပမ်းခဲ့ပုံများကို တိုင်းရင်းသားများ ညီအစ်ကိုမောင်နှမများ သိရှိခွင့်ရခဲ့ကြောင်း၊ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် တိုင်းရင်း သားများ ခေါင်းဆောင်များ မည်သို့ မည်ပုံ ပါ၀င်ခဲ့သည်ကို သိရှိခွင့်ရခဲ့သဖြင့် သမိုင်းအတွက် တန်ဖိုးကြီးပါကြောင်း ကိုဉာဏ်ထက်လင်းမှ ပြောကြားသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...