စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုမဖြစ်ခင် ဒေသခံများအကျိုးမရှိသောစီမံကိန်းများ ရပ်ဆိုင်းရန်တိုက်တွန်း

စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုမဖြစ်ခင် ဒေသခံများအကျိုးမရှိသောစီမံကိန်းများ ရပ်ဆိုင်းရန်တိုက်တွန်း
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်တွင်းလက်ရှိလုပ်နေသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းကြီးများသည် သဘာဝသယံဇာတ ဆုံးရှုံးမှုကြီးတွေဖြစ်ပြီး ဒေသခံပြည်သူများအတွက် အကျိုးခံစားခွင့်များမရရှိသဖြင့် စစ်မှန်သော  ဖက်ဒရယ်စနစ်ကို မတည်ဆောက်နိုင်သေးခင် စီမံကိန်းများကို ရပ်ဆိုင်းထားသင့်ကြောင်း ရခိုင့်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်မှ ဦးထွန်းကြည်မှ တိုက်တွန်းပြောကြားသည်။

ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ယုဇနဟော်တယ်တွင်ပြုလုပ်ခဲ့သည့် ရခိုင့်သယံဇာတနှင့် မြေယာခွဲဝေပိုင်ဆိုင်ခွင့် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်းတိုက်တွန်းခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့လိုလားတာက လက်ရှိသယံဇာတ စီမံကိန်းတွေကိုရပ်တန့်ပေးပြီးတော့မှ သယံဇာတခွဲဝေ မှုအပိုင်းကိုသွားမယ်။ပြီးမှဘဲဆက်လက်တူးဖော်မယ်ပေါ့။ သယံဇာတခွဲဝေရေးအတွက် ကျွန်တော်တို့လူထုဆန္ဒ သဘောထားတွေကိုလည်း လက်မှတ်ရေးထိုးကောက်ခံထားပါတယ်။အဲဒါတွေကို သက်ဆိုင်ရာတွေနဲ့ လွတ်တော်အထိ တင်ပြတောင်းဆိုသွားမှာပါ။” ဟု၎င်းကပြောသည်။

လက်ရှိပြည်သူ့အစိုးရအနေနှင့် ပြည်သူတွေမလိုးလားသော စီမံကိန်းတွေကို ရပ်ဆိုင်းနိုင်ရေး အတိုင်းအတာရှိရမည် ဖြစ်ကြောင်း ဦးဇေယျာကျော်မှ နိရဥ္ဇရာသို့ပြောသည်။

“ပြည်သူ့အစိုးရဆိုတာကို ပြသဖို့ ပြည်သူတွေမလိုလားတဲ့ဟာတွေကို ရပ်တန့်နိုင်ရမယ် အဲလိုသာမလုပ်နိုင်ဘူး ဆိုရင် လူတစ်စုကိုအခြေခံတဲ့ အစိုးရဖြစ်သွားပြီးတော့ နောက်လာတဲ့ဝန်မင်းလည်း ၄င်းတိုင်းပါဘဲ ဆိုတာ မျိုးဖြစ်သွားပါလိမ့်မယ်” ဟု ၎င်းကပြောဆိုသည်။

လက်ရှိအချိန်တွင် ရခိုင်ပြည်တွင်းရင်းနှီးမြှုပ်နှ့မှုပြုလုပ်နေသော ကုမ္ပဏီကြီးတွေအနေဖြင့် စာချုပ်ပါ စည်းမျဉ်းတွေကို ချိုးဖောက်နေခြင်းကြောင့် သယံဇာတခွဲဝေရေးအပိုင်းလုပ်ဆောင်ပြီးမှသာ အဆင်ပြေမှာဖြစ်ပြီး ဖက်ဒရယ်ပြည်ထောင်စုကိုသွားနိုင်မှသာလျှင် အောင်မြင်နိုင်မည်ဖြစ်ကြောင်း ရခိုင့်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်မှ နိရဥ္ဇရာသို့ပြောသည်။

“ ကျွန်မတို့က စစ်မှန်တဲ့ ဖယ်ဒရာယ်ပြည်ထောင်စုကိုသွားဖို့ ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဖို့လိုတယ်။ ၂၀၀၈ ကိုပြင်ဖို့ အတွက် ပြည်သူတွေရဲ့ သဘောအင်အားလည်းလိုအပ်ပါတယ်။ ဒါတွေမပြင်နိုင်သေးခင် လက်ရှိ ၄/၅ နှစ်ဝန်း ကျင်ကိုရောက်နေတဲ့ နှစ် ၃၀ စီမံကိန်းတွေ ရပ်ဆိုင်းဖို့၊ မရပ်ဆိုင်းရင်တောင်မှ ပြည်သူတွေလိုအပ်တဲ့ မူလပိုင်ရှင်တွေနဲ့ ညှိနှိုင်းတိုင်ပင်လုပ်ဆောင် သွားဖို့လိုပါတယ်” ဟု ဆက်လက်ပြောဆိုသည်။

လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်တွင်း သဘာဝအရင်းအမြစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၂၉ ခုရှိပြီးဒေသခံရခိုင် တိုင်းရင်းသားများအတွက် ကျိုးခံစားခွင့်မရရှိဘဲဖြစ်နေ သည်ဟု ဆိုသည်။

၎င်းအပြင် အလုပ်အကိုင်အခွင့်အလမ်းမရှိ၊ အဆင်းရဲဆုံးပြည်နယ်တစ်ခုနေပြီး သဘာဝငါးသယံဇာတ ဆုံးရှုံးမှုတွေရှိနေကာ အဟာရအချို့တဲ့ဆုံးပြည်နယ် တစ်ခုကိုလည်းရောက်ရှိနေခြင်း ကြောင့် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုနှင့် သဘာဝသယံဇာတခွဲဝေမှုကို လိုလားနေကြတာဖြစ်ကြောင်း ပြည်သူများထံမှ သိရ သည်။

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...