အရပ်သားနှင့် KNPP တပ်ဖွဲ့ဝင်သေဆုံးသည့်ကိစ္စ ဆန္ဒပြလူငယ် ၅ ဦးကို ယခုလ ၅ ရက်နေ့ ရုံးချိန်းခေါ်ထား

အရပ်သားနှင့် KNPP တပ်ဖွဲ့ဝင်သေဆုံးသည့်ကိစ္စ ဆန္ဒပြလူငယ် ၅ ဦးကို ယခုလ ၅ ရက်နေ့ ရုံးချိန်းခေါ်ထား
by -
မူအက်စတာ

အရပ်သား ၁ ဦးနှင့် KNPP တပ်ဖွဲ့ဝင် ၃ ဦး အသတ်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် လွိုင်ကော်၌ အပြင်းအထန် ကန့်ကွက်ရှုံ့ချ ဆန္ဒထုတ်ဖေါ်ခဲ့သော လူငယ် ၅ ဦးအား လွိုင်ကော်မြို့မရဲစခန်းမှ တရားစွဲဆိုကာ ယခုုလ ဇန်နဝါရီလ ၅ ရက်နေ့တွင် ပထမဆုံးအကြိမ် ရုံးချိန်းခေါ်ယူစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ရုံးချိန်းလာရောက်ရန် နို့တစ်စာကို ယခုအချိန်ထိ လက်ခံရရှိခြင်း မရှိသေးကြောင်းသော်လည်း တရားဝင်စာ မရောက်မချင်း တရားရုံးသို့ သွားရောက်ခြင်းပြုမည်မဟုတ်ဟု တရားဆွဲဆိုခံရသူအနက် တစ်ဦးအပါအဝင်ဖြစ်သူ ကရင်နီပြည်ကျောင်းသားများသမဂ္ဂ၏ ဥက္ကဌ ခွန်ရဲမင်းကျော်က ပြောသည်။

“ကျွန်တော်တို့လည်း တရားဝင်စာမပို့ရင် ကျွန်တော်တို့ မသွားဘူးပေါ့နော ဘယ်လောက်ပဲ သူတို့ဘက်က တရားစွဲတယ်လို့ ပြောနေပါစေ။ ဒါကျွန်တော်တို့လည်း သွားစရာအကြောင်း မရှိဘူးပေါ့နော” ဟု ၎င်းက ပြောသည်။

တရားဥပဒေအရ ရဲအရေးပိုင်သည့် ပုဒ်မဖြစ်ကာ တာဝန်ရှိသူမှ လုပ်လေ့လုပ်ထရှိသည့်အတိုင်း ဆောင်ရွက်ရန် လုပ်ဆောင်လိမ့်မည်ဟု Law Home Law Frem၏ ဒါရိုက်တာ ကိုကျော်ဝဏ္ဏအောင်က ပြောသည်။

“ကျွန်တော်ကြည့်တာတော့ ပုံမှန်တော့ ရဲလုပ်လေ့လုပ်ထရှိတဲ့ ဟာပါပဲ။ သူတို့စာမပို့ပဲနဲ့ လူကိုယ်တိုင်လာခေါ်တဲ့ ပုံစံပေါ့၊ ဒီအချိန်မှာတော့ ပုဒ်မအားဖြင့်တော့ ဆင့်ခေါ်စာပို့ရတဲ့ အနေအထားရှိတယ်ပေါ့ ဥပမာ တရားရုံးကနေပို့မလား သို့မဟုတ်ရင် ရဲစခန်းကနေပို့မလား ရှိတယ်ပေါ့ ရဲစခန်းက တကယ်တမ်း သူတရားရုံးကို စွဲချက်တင်ရင်တော့ တရားရုံးကနေပြီးတော့ ဆင့်ခေါ်စာ ပို့ရမယ်ပေါ့” ဟု ကိုကျော်ဝဏ္ဏအောင်က ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်တွင် ရှိသည့်ဥပဒေများကို လက်ရှိအချိန်ထိ လက်မခံနိုင်ကြောင်း ခွန်ရဲမင်းကျော်ကဆက်ပြောသည်။

“ဒီအပေါ်မှာ ကျွန်တော်တို့ complaint (စောဒက) တက်စရာမရှိပါဘူး၊ သူတို့တွေ လုပ်စရာရှိတာလုပ်ပါ၊ အကယ်၍ သူတို့ စာနဲ့တကွ ပေနဲ့တကွလာမယ်ဆိုရင်တော့ ကျွန်တော်တို့ဘက်မှာတော့ ရင်ဆိုင်ဖို့ အဆင်သင့်ပါ” ဟု ခွန်ရဲမင်းကျော်က ဆက်ပြောသည်။

အကယ်၍ ပုဒ်မ ၁၉ နှင့် တရားစွဲလျှင် ၎င်းပုဒ်မသည် ရဲအရေးပိုင်သည်ဖြစ်၍ လူမှုရေးအရ နှုတ်နှင့် ဦးစွာ ခေါ်ဆိုခြင်းဖြစ်နိုင်ကြောင်း ကိုကျော်ဝဏ္ဏအောင်က ဆက်ပြောသည်။

အရပ်သား ၁ ဦးနှင့် KNPP တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ခြင်းနှင့် ပတ်သက်၍ လူသတ်မှုဟု ယူဆပြီး ယင်းကိစ္စအား တပ်မတော်၊ ပြည်နယ်အစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်တို့မှ အမှုမှန် ပေါ်ပေါက်နိုင်ရေးအတွက် တာဝန်ယူ၊ တာဝန်ခံကာ တရားမျှတ မှန်ကန်စွာ ဖြေရှင်းသွားရန် တောင်းဆိုကြောင်း ကရင်နီပြည်လူငယ်များသမ္မဂ(UKSY)က ဒီဇင်ဘာ ၃၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။

ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၁၉ သည် မည်သူမဆို သက်ဆိုင်ရာသို့ အသိပေးတင်ပြခြင်းမရှိဘဲ စုဝေးခြင်း (သို့မဟုတ်) စီတန်းလှည့်လည်ခြင်း ပြုလုပ်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ၃ လထက် မပိုသော ထောင်ဒဏ် သို့မဟုတ် ၃ သောင်ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံနိုင်သည်။

 

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...