မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်၌ အမျိုးသမီးပါဝင်မှုကို အားရကျေနပ်မှု မရှိသေးသော အမျိုးသမီးအဖွဲ့

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်၌ အမျိုးသမီးပါဝင်မှုကို အားရကျေနပ်မှု မရှိသေးသော အမျိုးသမီးအဖွဲ့
by -
မူအက်စတာ

၂၀၁ဝခုနှစ် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ စတင်ခဲ့ပြီး ငြိမ်းချမ်းရေး ပြုပြင်ပြောင်းလဲမှုများလည်း စတင်အသက်ဝင်လာခဲ့ပါသည်။

ထိုအချိန်မှစ၍ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်လျှောက်လုံးတွင် အမျိုးသမီးများ ပါဝင်နိုင်ရန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးနိုင်သည့် အခွင့်အလမ်းကို အမျိုးသမီးထုတစ်ရပ်လုံးက ပါဝင်တောင်းဆိုမှုသည်လည်း ကျယ်လောင်လာသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ဖို့ အမျိုးသားထုကိုယ်တိုင်လည်း လက်တွဲခေါ်သည့်အပိုင်း အားနည်းနေကြောင်း အမျိုးသမီးအဖွဲ့က ဝေဖန်သည်။

“ဒီအမျိုးသမီးတွေ ပါဝင်မှု ဘာကြောင့်အားနည်းနေတာလဲဆိုရင် အမျိုးသားတွေရဲ့ လက်တွဲကူညီမှုတွေ အားနည်းလို့ပါ။ ပြီးတော့ သူတို့ရဲ့ တွန်းအားပေးမှုတွေလည်း အားနည်းနေသေးတယ်” ဟု ကရင်နီအမျိုးသမီး အစည်းအရုံး(KNWO)မှ မအန်းဂျေလာက ပြောသည်။

၂၀၁၂မှ ၂၀၁၅ ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ဖွဲ့စည်းသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)မှာ လူဦးရေ ၁၆ ဦးပါဝင်ပြီး အမျိုးသမီးကိုယ်စားလှယ် ၁ဦးသာ ပါဝင်နိုင်ခဲ့သည်ကို တွေ့ရမည်။

အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့(Senior Delegation)မှာလည်း လူဦးရေ ၁၅ဦးဖြင့် ဖွဲ့စည်းထားပြီး အမျိုးသမီးကိုယ်စားလှယ် ၂ဦးပါဝင်နိုင်ခဲ့သည်။ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ( UPCC) တွင် လူဦးရေ ၁၁ဦးဖွဲ့စည်းထားပြီး အမျိုးသမီးကိုယ်စားလှယ် တစ်ဦးမျှ မပါဝင်နိုင်ခဲ့ကြောင်း သိရသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ကော်မတီ (UPWC)ကို လူဦးရေ ၅၂ဦးဖြင့် ဖွဲ့စည်းထားြ့ပီး အမျိုးသမီးကိုယ်စားလှယ် ၂ဦးသာ ပါဝင်ခဲ့ပါသည်။

ငြိမ်းချမ်းရေးတွင် ပါဝင်ဆောင်ရွက်ခဲ့သော အဖွဲ့အစည်းများ အမျိုးသမီးပါဝင်မှု ရာခိုင်နှုန်း
NCCT စုစုပေါင်း ၁၆ယောက်တွင် ၁ယောက် ၆.၂၅%
Senior Delegation စုစုပေါင်း ၁၂ယောက်တွင် ၂ယောက် ၁၃.၃%
UPCC စုစုပေါင်း ၁၁ယောက်တွင် ပါဝင်သူမရှိ ၀%
UPWC စုစုပေါင်း ၅၂ယောက်တွင် ၂ယောက် ၃.၈%

 

(၂၀၁၀ ခုနှစ်မှ ၂၀၁၅ထိ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကော်မတီအသီးသီးထဲတွင် အမျိုးသမီးဦးရေ ပါဝင်မှုပြဇယား)

ထို့အပြင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ အစည်းအဝေး(JICM) တွင် လူဦးရေ ၁၆ဦး၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-Union level)တွင် လူဦးရေ ၂၆ဦးဖြင့် ဖွဲ့စည်းထားပြီး အမျိုးသမီးတစ်ဦးမှ ပါဝင်ခြင်းမရှိခဲ့ပေ။ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) တွင် လူဦးရေ ၄၈ဦးဖွဲ့ရာ အမျိုးသမီးကိုယ်စားလှယ် ၃ဦးသာ ပါဝင်ခဲ့ရကြောင်း အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ မြန်မာနိုင်ငံမှ အမျိုးသမီးများ၏အသံများ စာအုပ်တွင် ဖော်ပြထားပါသည်။

ငြိမ်းချမ်းရေးတွင် ပါဝင်ဆောင်ရွက်ခဲ့သော အဖွဲ့အစည်းများ အမျိုးသမီးပါဝင်မှု ရာခိုင်နှုန်း
JICM စုစုပေါင်း ၁၆ယောက်တွင် ပါဝင်သူမရှိ ၀%
UPDJC စုစုပေါင်း ၄၈ယောက်တွင် ၃ယောက် ပါဝင် ၆.၂၅%
JMC-Union level စုစုပေါင်း ၂၆ယောက်တွင် ပါဝင်သူမရှိ ၀%

ကော်မတီများ အများအပြားရှိရာတွင် အမျိုသမီးကိုယ်စားလှယ် ပါဝင်နိုင်မှုမှာ အရမ်းနည်းပါးနေကြောင်း တွေ့ရသည်။ မိသားစုအတွင်းတွင်လည်း အမျိုးသားများ၏ ပိတ်ပင်မှု မရှိခဲ့လျှင် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ယခုထက်ပိုမို ပါဝင်နိုင်မည်ဖြစ်ပေသည်။

“ဒီအမျိုးသားတွေ ခေါ်ယူမှုရယ်၊ တွန်းအားပေးမှုရယ် ရှိခဲ့မယ်ဆိုရင် ဒီဖြစ်စဉ်မှာ အမျိုးသမီးတွေ ပါဝင်လာလိမ့်မယ်ပေါ့နော။ ဥပမာ မိသားစုတစ်စုမှာ သူ့အမျိုးသမီးက ဒီ Peace Process မှာ ပါဝင်ဖို့ဆိုရင် သူ့အမျိုးသားက အားပေးမှုမရှိတဲ့အပြင် နင်အမျိုးသမီးဖြစ်တယ် မဆီမဆိုင်လောက်ဘူးပေါ့နော နင်တို့တွေက အိမ်မှုကိစ္စတွေ နိုင်ရမယ်။ ဒါတွေက နင့်အလုပ်မဟုတ်ဘူး အဲ့လိုပိတ်ပင်မှုတွေ ရှိတယ်ပေါ့နော။ အဲ့လိုပိတ်ပင်မှုတွေသာ မရှိရင် ဒီPeace Processမှာ သူတို့တွေလည်း ပါဝင်လာနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု မအန်းဂျေလာက ပြောပါသည်။

နိုင်ငံရေးဆွေးနွေးပွဲများ၊ ရွေးကောက်ပွဲတွင် အမျိုးသားများနည်းတူ အမျိုးသမီးများ ပါဝင်နိုင်အောင်လည်း အစိုးရကို တိုက်တွန်းရန် လိုအပ်ကြောင်းနှင့် လိုအပ်သည့် နည်းပညာအထောက်အပံ့များကို အဖက်ဖက်မှ ဝိုင်းဝန်းပံ့ပိုးရန် လိုအပ်ကြောင်း ဒီဇင်ဘာလ ၄ရက်နေ့နှင့် ၅ ရက်နေ့တွင် ရန်ကုန်မြို့ ပန်ဒါဟိုတယ်၌ ပြုလုပ်သည့် (၁၇)ကြိမ်မြောက် အရပ်ဖက် လူ့အဖွဲ့အစည်း ငြိမ််းချမ်းရေးဖိုရမ်တွင် အမျိုးသမီးများမှ တောင်းဆိုခဲ့ကြသည်။  

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...